အာစင်ဝင်းဂါးကို ခေါ်ယူရန် ပီအက်စ်ဂျီအသင်း စိတ်ဝင်စား

1.1K
ပီအက်စ်ဂျီအသင်းဟာ အာဆင်နယ်အသင်းကနေ ရာသီကုန်မှာ အနားယူမယ့် အာစင်ဝင်းဂါးကို အထွေထွေမန်နေဂျာရာထူးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပီအက်စ်ဂျီအသင်းရဲ့ လက်ရှိနည်းပြ အူနိုင်းအန်မေရီကလည်း အသင်းကနေ ရာသီကုန်တာနဲ့ ရာထူးကနေ နုတ်ထွက်ဖို့ ကြေညာထားပါတယ်။
ပီအက်စ်ဂျီအသင်းဟာ အစောပိုင်းက ဒေါ့မန်နည်းပြ သောမက်စ်တူချယ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ သဘောတူထားပေမယ့် အသင်းရဲ့ပိုင်ရှင် နေဆားအဲလ်ကယ်လီဖီ ဟာ အာစင်ဝင်းဂါးနဲ့ ရင်းနှီးနေတာကြောင့် အခုလိုမျိုးသတင်းတွေ ထွက်ပေါ်လာတာပါ။
အာဆင်နယ်အသင်းကတော့ ဘာစီလိုနာ နည်းပြဟောင်း လူးဝစ်အင်းနရစ်ကို ပထမဦးစားပေး ခေါ်ယူသွားမယ်လို့ သိရပေမယ့် ရာသီသစ်အတွက် ကစားသမားခေါ်ယူဖို့ အသုံးစရိတ်ပေါ် မူတည်ပြီး အခြေအနေတွေ ပြောင်းလဲနိုင်ပါတယ်။