Thursday, June 8, 2023
မွေး​မြူ​ရေး​ငါး​ ထုတ်လုပ်မှုကျဆင်း​ပြီး​ ငါး​ဈေး​တက်
ပြည်တွင်း​မွေး​မြူ​ရေး​ငါး​ ထုတ်လုပ်မှု ကျဆင်း​တဲ့​အတွက် လတ်တ​လော ငါး​ဈေး​မြင့်​တက်​နေမှုဟာ ၆ လ​လောက် ကြာနိုင်တယ်လို့​ သိရှိရပါတယ်။
ရန်ကုန်မြို့​ ကြည့်​မြင်တိုင် စံပြငါး​ဈေး​မှာ အခုရက်ပိုင်း​ ငါး​အဝင် ထက်ဝက်​လောက် ကျဆင်း​သွား​ပြီး​ ငါး​ဈေး​တွေ မြင့်​တက်​နေတာပါ။
မြန်မာနိုင်ငံ ငါး​ လုပ်ငန်း​အဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​ဝင်း​ကြိုင်က “ငါး​မွေး​မြူ​ရေး​လုပ်ငန်း​က အရှုံး​ပေါ်ပြီး​တော့​ ရင်း​နှီး​မြှုပ်နှံမှုက မတတ်နိုင်တဲ့​ အတွက်​ကြောင့်​ ​လျော့​သွား​တဲ့​ ပြဿနာဖြစ်​တော့​၊​ အခုလို ​ဈေး​တက်လာလို့​ အကျိုး​အမြတ် ပြန်ကြည့်​လာမယ်ဆိုရင်​တော့​ နည်း​နည်း​လေး​ ငါး​ကောင်​ရေကို ထည့်​ပြီး​တော့​ ပြန်ကြိုး​စား​မွေး​ရင်​တော့​ အနည်း​ဆုံး​ ၆ လ ​လောက်​တော့​ အရှိန်ယူရမယ်ဗျ။ ၆ လ ​နောက်ပိုင်း​လောက်မှ ပို​ကောင်း​လာမယ်။ ဒီကြား​ထဲမှာ​တော့​ ကျ​နော်တို့​ ချက်ချင်း​ကြီး​ ဖန်တီး​လို့​တော့​ မရဘူဗျ။ သီတင်း​ကျွတ်၊​ တန်​ဆောင်မုန်း​ကျရင် အင်း​အိုင်ငါး​တို့​၊​ ပင်လယ်ငါး​တို့​ကလည်း​ ဖမ်း​ဆီး​ကာလ ဖြစ်​တော့​ ပြန်တက်လာဦး​မှာ​ပေါ့​။ အဲဒါ​လေး​ပဲ အား​ကိုး​စရာ ရှိပါတယ်။ ​မွေး​မြူချိန်​လေး​ပေး​ရမယ် ဖြစ်တဲ့​အတွက်​ကြောင့်​ ဒီ ၄၊​ ၅၊​ ၆ လ​လောက်က​တော့​ ကုန်တက် ရှား​တာတို့​ ကုန်တက်နိမ့်​တာတို့​ ဆိုတဲ့​ အဲဒီလို ကာလ​လေး​ကို​တော့​ ဖြတ်သန်း​ရမယ့်​ သ​ဘောရှိတယ်ဗျ။”
ဈေး​ကွက်ထဲ ငါး​အဝင်ရပ်သွား​တာမျိုး​ မဟုတ်ဘဲ အဝင်​လျော့​သွား​တာလို့​လည်း​ ​ပြောပါတယ်။
မွေး​မြူ​ရေး​ငါး​ထုတ်လုပ်သူ​တွေဟာ အ​မေရိကန်​ဒေါ်လာနဲ့​ မြန်မာကျပ်​ငွေလဲနှုန်း​ စတင်ကျဆင်း​ခဲ့​တဲ့​ ၂၀၁၀ ခုနှစ် ဩဂုတ်လ​လောက်ကစပြီး​ အရှုံး​ပေါ်ခဲ့​ကြတာ ၂ နှစ်​လောက်ကြာသွား​ခဲ့​ပြီမို့​ ​မွေး​မြူ​ရေး​ငါး​ ထုတ်လုပ်သူ ၄၀ ရာခိုင်နှုန်း​လောက် လုပ်ငန်း​တွေ ရပ်ဆိုင်း​နေပါတယ်။
အဲ့​ဒီလို ရပ်ဆိုင်း​ကုန်တာရဲ့​ အကျိုး​ဆက်အဖြစ် အခု ကုန်အဝင်နည်း​ပြီး​ ​ဈေး​တက်လာတာ ဖြစ်ပါတယ်။
ငါး​ရောင်း​ချတဲ့​ ​ဈေး​ကွက်မှာ ​မွေး​မြူ​ရေး​ငါး​က အင်း​အိုင်​ချောင်း​မြောင်း​ကရတဲ့​ ငါး​ထက် ပိုတဲ့​ အ​ကြောင်း​လည်း​ ဦး​ဝင်း​ကြိုင်က ​ပြောပြပါတယ်။
“တကယ်​တော့​ ​မွေး​မြူ​ရေး​ငါး​က ပိုများ​လာ တယ်။ မြန်မာပြည်ရဲ့​ တိုး​တက်လာတဲ့​ လူဦး​ရေနဲ့​ အင်း​အိုင် ငါး​ထုတ်လုပ်မှု​တွေက တနှစ်ထက် တနှစ်က ​လျော့​နေတာ မတိုး​ဘူး​။ အဲဒီ​တော့​ စား​သုံး​မှုက မြန်မာလူမျိုး​က ​ရေငန်ငါး​ကို မကြိုက်ဘူး​။ ​ရေချိုငါး​ကို ကြိုက်​တော့​ အင်း​အိုင် ငါး​က​တော့​ သူက ကြိုက်လည်း​ ကြိုက်တယ်။ စား​လည်း​ စား​တယ်။ ဒါ​ပေမယ့်​ အင်း​အိုင်ငါး​က ​လျော့​လာတဲ့​အခါကျ​တော့​ ​မွေး​မြူ​ရေး​ငါး​ကိုပဲ အား​ပြုစား​ရ​တော့​ အခု မြန်မာ​တွေရဲ့​ အဓိက အား​ပြုစား​တဲ့​ ​ဈေး​ပေါ​ပေါနဲ့​ များ​များ​စား​လို့​ရတယ်။ ​ဈေး​ကွက်ထဲမှာလည်း​ အမြဲရှိတဲ့​ ငါး​က​တော့​ ငါး​မြစ်ချင်း​လို့​ ငါး​မျိုး​တွေ​ပေါ့​ဗျာ။”
မွေး​မြူ​ရေး​ငါး​ထုတ်လုပ်သူ​တွေက အခုလို ကုန်အဝင်နည်း​ချိန်မှာ ပြည်ပတင်ပို့​တဲ့​ ငါး​ဈေး​နှုန်း​ တိုး​ရဖို့​ ကြိုး​ပမ်း​နေကြပြီး​၊​ နှစ်နဲ့​ချီ အရှုံး​ပေါ်​နေတဲ့​ သူတို့​မွေး​မြူ​ရေး​ လုပ်ငန်း​တွေ ပြန်ဦး​မော့​လာဖို့​ ​မျှော်လင့်​နေကြပါတယ်။
ပြည်တွင်း​မှာ ၁ နှစ်ကို ​မွေး​မြူ​ရေး​ငါး​ တန်ချိန် ၄ သိန်း​လောက် ထွက်ရှိပြီး​၊​ တန်ချိန် ၁ သိန်း​လောက် ပြည်ပ တင်ပို့​နေတာ ဖြစ်ပါတယ်။
RELATED ARTICLES
- Advertisment -
Google search engine
Most Popular