အမှိုက်ပုံ မီးသတ်သမားများအား လှူဒါန်းကူညီခဲ့သည့် ကလေးသရုပ်ဆောင် အိစိကွေး (ဓာတ်ပုံ)
DVB
·
April 26, 2018
ကလေးသရုပ်ဆောင်နဲ့ အဆိုတော် အိစိကွေးဟာ လှိုင်သာယာ အမှိုက်ပုံ မီးလောင်ကျွမ်းမှုမှာ မီးငြှိမ်းသတ်နေကြတဲ့ မီးသတ်သမားတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်။
အဲဒီဓာတ်ပုံတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် မျှဝေထားခဲ့ချိန်မှာတော့ ဒီလုပ်ရပ်အတွက် ပရိသတ်တွေက ပီတိဖြစ် ချီးကျူးနေကြပြီး ကြိုက်နှစ်သက်သူ ၁ သောင်း ၇ ထောင်ကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
ပုံတွေရဲ့ အညွှန်းမှာတော့ “အောက်ဆီဂျင် ၆ ဘူး၊ ထမင်းဟင်း၊ ရေခဲ၊ ရေသန့်၊ Mask၊ အချိုရည်၊ ဆေးဝါးများ၊ စနိုးတာဝါ၊ ဆေးလိပ်၊ ကွမ်းယာ လှူဒါန်းခဲ့ပါတယ်”လို့ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။
ဒီပုံတွေကို မမျှဝေခင်မှာလည်း အိစိကွေးက ဖေ့စ်ဘွတ်ခ်ပေါ်မှ တိုက်ရိုက်ထုတ်လွှင့်မှုတခု လုပ်ခဲ့ပြီး ရေသန့်ဘူးတွေနဲ့ တခြားပစ္စည်းတွေကို ထမ်းပိုးကာ အမှိုက်ပုံတွင်းမှ မီးသတ်သမားတွေဆီ သယ်ဆောင်ကာ လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။
ရန်ကုန် လှိုင်သာယာ ထိန်ပင်အမှိုက်ပုံမှာ ဧပြီ ၂၁ ရက်ကစပြီး ဒီကနေ့ မွန်းလွဲပိုင်းထိ ရက်ကြာ မီးဆက်လောင်နေဆဲ ဖြစ်ပြီး ဆက်လက်မီးငြှိမ်းသတ်နေရဆဲ ဖြစ်ပါတယ်။