မြန်မာနိုင်ငံသည် ​ဒေသတွင်း​ စီး​ပွား​ရေး​အင်အား​ကြီး​နိုင်ငံသစ်ဖြစ်နိုင်

မစ္စတာ ဂို​ေချာက်​ေတာင်နှင့်​ ရန်ကုန်တိုင်း​ေဒသြကီး​ ဝန်ြကီး​ချုပ် ဦး​ြမင့်ဆှေ
မြန်မာနိုင်ငံက စီး​ပွား​ရေး​နဲ့​ နိုင်ငံ​ရေး​ ပြုပြင်​ပြောင်း​လဲတာ​တွေကို ​အောင်မြင်​အောင် လုပ်​ဆောင်နိုင်ရင် ​ဒေသတွင်း​ စီးပွား​ရေး​အင်အား​ ​တောင့်​တင်း​တဲ့​ နိုင်ငံဖြစ်နိုင်တဲ့​ အခွင့်​အလမ်း​တွေ ရှိ​နေတယ်လို့​ စင်ကာပူ ဂုဏ်ထူး​ဆောင် အဆင့်​မြင့်​ ဝန်ကြီး​ ဂို​ချောက်​တောင်က ​ပြောပါတယ်။ မြန်မာနဲ့​ စင်ကာပူဟာ အပြန်အလှန်အကျိုး​အမြတ်အတွက် မှီတည်​နေရတယ်လို့​လည်း​ ၂ ရက်ကြာ မြန်မာပြည်ခရီး​ကပြန်လာတဲ့​ စင်ကာပူ ဝန်ကြီး​ရဲ့​ ​ပြောဆိုချက်ကို ချန်နယ်နယူစ်​အေး​ရှား​သတင်း​က ကိုး​ကား​ရေး​ပါတယ်။ြ [caption id="attachment_26666" align="alignleft" width="300" caption="မစ္စတာ ဂို​ချောက်​တောင်နှင့်​ ရန်ကုန်တိုင်း​ဒေသကြီး​ ဝန်ကြီး​ချုပ် ဦး​မြင့်​ဆွေ"][/caption] မန်မာနဲ့​ စင်ကာပူ တိုး​တက်တာ​တွေကလည်း​ ကွဲလွဲတဲ့​ အဆင့်​တွေ ဖြစ်​နေပြီး​ ၂ နိုင်ငံ အတူအလုပ်လုပ်သွား​ရင် မြန်မာက စင်္ကာပူထက် ပိုအကျိုး​အမြတ် ရလိမ့်​မယ်လို့​လည်း​ ​ပြောပါတယ်။ ခိုင်မာ​တောင့်​တင်း​တဲ့​ မြန်မာ က ​ဒေသတွင်း​အတွက် ​ကောင်း​လိမ့်​မယ်လို့​လည်း​ သူက ​ပြောပါတယ်။ မြန်မာပြည် အ​ပြောင်း​အလဲ​တွေ လမ်း​ကြောင်း​မှန်​ပေါ်​ရောက်ရှိပြီး​ ပိုပွင့်​လင်း​လာရင် ၁၀ နှစ်အတွင်း​ တိုးတက်မှုနှုန်း​ ၈ ရာခိုင်နှုန်း​က​နေ ၁၀ ရာခိုင်နှုန်း​ကို တိုး​တက်သွား​နိုင်တယ်။ အဲဒီအခါ အာဆီယံအဖွဲ့​အား​ကောင်း​ပြီး​ ​ဒေသတွင်း​မှာ စီး​ပွား​ရေး​အရ ပိုမိုအား​ကောင်း​ ကြွယ်ဝလာမှာပါလို့​ ဂို​ချောက်​တောင်က ​ပြောပါတယ်။ မြန်မာနိုင်ငံရဲ့​ အ​ပြောင်း​အလဲဟာ လမ်း​ကြောင်း​မှန်​ပေါ်မှာ ​ရောက်ရှိ​နေပြီး​တော့​ ​ပြောင်း​လဲမှု​တွေကလည်း​ စိတ်​ကျေနပ်စရာ​ကောင်း​တယ်လို့​ ဆိုပါတယ်။ တိုင်း​ပြည်က နိုင်ငံ​ရေး​ ပါတီ​တွေကလည်း​ တိုင်း​ပြည်အကျိုး​အမြတ်အတွက် ယှဉ်ပြိုင်ဖို့​လည်း​ ဂို​ချောက်​တောင်က ထည့်​သွင်း​ပြောဆိုပါတယ်။ မြန်မာကို သွား​ရောက်လည်ပတ်ရတဲ့​ အ​ကြောင်း​က​တော့​ စင်ကာပူက နည်း​ပညာ အကူအညီ လိုအပ်ချက်​တွေနဲ့​ ပတ်သက်ပြီး​တော့​ နား​လည်မှုရရှိဖို့​လို့​ သူက ​ပြောပါတယ်။ သမ္မတ ဦး​သိန်း​စိန် စင်ကာပူ ဇန်နဝါရီ ခရီး​စဉ်အတွင်း​ နည်း​ပညာပိုင်း​ဆိုင်ရာ အကူအညီနဲ့​ ပတ်သက်ပြီး​တော့​ နား​လည်မှု လတ်မှတ်​ရေး​ထိုး​နိုင်တယ်လို့​ ဆိုပါတယ်။ စီး​ပွား​ရေး​ ဖွံ့​ဖြိုး​ရေး​၊​ လူ့​စွမ်း​အား​အရင်း​အမြစ်တိုး​တက်​ရေး​နဲ့​ လူထု အုပ်ချုပ်​ရေး​တွေမှာ စင်္ကာပူက အကူအညီ​ပေး​မယ်လို့​လည်း​ ဆိုပါတယ်။ စင်ကာပူ ကုမ္ပဏီ​တွေကလည်း​ မြန်မာနိုင်ငံမှာ ရင်း​နှီး​မြှုပ်နှံဖို့​ စိတ်ဝင်စား​လာပါတယ်။ စင်ကာပူ စီး​ပွား​ရေး​ အဖွဲ့​ကလည်း​ ဒီနှစ်ထဲမှာ မြန်မာပြည်ကို သွား​ရောက်တာ ၂ ကြိမ်ရှိပြီ ဖြစ်ပါတယ်။ စင်ကာပူဟာ မြန်မာရဲ့​ စတုတ္ထအကြီး​ဆုံး​ ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး​တော့​ ၂ နိုင်ငံ ကုန်သွယ်မှုဟာ အရင်နှစ်က စင်ကာပူ​ဒေါ်လာ ၁.၆ ဘီလီယံ ​ရောက်ရှိခဲ့​ပါတယ်။

More News
Up