Home
မြန်မာသတင်း
ထိန်ပင်အမှိုက်ပုံမီး အမြန်ဆုံးငြိမ်းစေရန်  ရေအ​မြောက်​ကားဖြင့် မီးငြှိမ်းသတ်နေ
DVB
·
April 26, 2018
  ရန်ကုန်၊ လှိုင်​သာယာမြို့နယ်​ ထိန်​ပင်​သုသာန်​ စည်​ပင်​သာယာ​အမှိုက်​ပုံ အမြန်​ဆုံး မီးငြိမ်းစေဖို့  ရေအ​မြောက်ကားတွေ အသုံးပြုမီး ငြှိမ်းသတ်​​နေပါတယ်​။ ဧပြီ ၂၆ ရက်​​ နေ့လယ်​က လှိုင်​သာယာမြို့နယ်​၊ ပြည်​သူ့​ဆေးရုံ​ကြီးကို ရန်​ကုန်​တိုင်း ဝန်​ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ နယ်​လုံဝန်​ကြီးဗိုလ်​မှူးကြီး​အောင်​စိုးမိုး၊ ရန်​ကုန်​တိုင်း​ဒေသကြီး ရဲတပ်​ဖွဲ့ ရဲမှူးချုပ်​ဝင်းနိုင်​၊ လူမှု​ရေးဝန်​ကြီး ဦးနိုင်​ငံလင်းနဲ့ လမ်းပန်းဆက်​သွယ်​​ရေးဝန်​ကြီး​ ​ဒေါ်နီလာ​ကျော် ​တို့ဟာ ထိန်​ပင်​မီး​လောင်​မှု​ နောက်​ဆက်​တွဲ ကျန်းမာ​ရေးအ​ခြေအ​နေကို ​ဆွေး​နွေးခဲ့ကြပါတယ်။ ဒါ့အပြင် ဒဏ်​ရာရ မီးသတ်​တပ်​ဖွဲ့ဝင်​​တွေကို လိုက်​လံကြည်​ရှုခဲ့ကြပြီး  လှိုင်​သာယာမြို့နယ်​ အနီးအနားက ​ဒေသခံပြည်​သူ​တွေနဲ့​ တွေ့ဆုံကာ လက်​ရှိ ဆောင်​ရွက်​ထားတာတွေ ကို ပြန်​လည်​ရှင်းလင်း​ပြောပြခဲ့ပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024