Home
မြန်မာသတင်း
လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်သစ် ၃ ဦး ဖြည့်စွက်ခန့်အပ်
DVB
·
April 26, 2018
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်သစ် သုံးဦးကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဧပြီလ ၂၅ ရက်နေ့မှာ   ဖြည့်စွက်ခန့်အပ်တာဝန်ပေးအပ်လိုက်ပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးစိန်သန်း၊ အငြိမ်းစား သံအမတ်ကြီး ဦးညွန့်တင်နဲ့  ရန်ကုန်အဝေးသင်တက္ကသိုလ် အငြိမ်းစားပါမောက္ခ ဒေါက်တာဒေါ်တင်မေထွန်းတို့ကို ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။ လက်ရှိ ကော်မရှင်မှာ ဥက္ကဋ္ဌ အငြိမ်းစားသံအမတ်ကြီး ဦးဝင်းမြ၊ ဒုဥက္ကဋ္ဌ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဦးစစ်မြိုင်နဲ့  တခြားအဖွဲ့ဝင် ၉ ဦး၊ ပေါင်း ၁၁ ဦး ရှိနေရာကနေ အခုလို အဖွဲ့ဝင်သုံးဦးကို ထပ်မံခန့်အပ်လိုက်တဲ့အတွက် ကော်မရှင်မှာ စုစုပေါင်း ၁၄ ဦးထိရှိလာ မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးတွေကို မြှင့်တင်ကာကွယ်ပေးဖို့ ရည်ရွယ်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဓာတ်ပုံ-MNHRC
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024