Home
မြန်မာသတင်း
ရန်ကုန်တိုင်းလွှတ်တော်ရုံး၌ ဖောက်ခွဲမှု ကျူးလွန်ခဲ့သူများကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်ချမှတ်
ပြည့်ဘုန်းအောင်
·
April 25, 2018
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်းနဲ့ မရမ်းကုန်းမြို့နယ် Ocean Super Center နေရာတွေမှာ M150 အချိုရည်ပုလင်းတွေ အသုံးပြုပြီး ဖောက်ခွဲမှုကျူးလွန်ခဲ့သူတွေကို ဒီနေ့ဧပြီ ၂၅ ရက်မှာ အနောက်ပိုင်းခရိုင်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ ဖောက်ခွဲမှုနဲ့ တရားစွဲဆိုခံထားရတဲ့ အမျိုးသားလေးဦးကတော့ ခင်မောင်ရွှေ (ခ) ရာကွတ်၊ စိုးဝင်း(ခ)အလီ၊ စိုးမင်းဇော်(ခ)သားငယ်နဲ့ ကျော်သူ(ခ)ကျော်ကျော်တို့ ဖြစ်ကြပါတယ်။ အဲဒီလေးဦးထဲကမှ ရန်ကုန်တိုင်းလွှတ်တော်ဝင်းနဲ့ Ocean Center ဖောက်ခွဲမှုမှာ ပါဝင်တဲ့ ခင်မောင်ရွှေကို  ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၃ အရ အမှု ၂ မှုကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပါတယ်။ ရန်ကုန်တိုင်းလွှတ်တော်ရုံး ဖောက်ခွဲမှုနဲ့ စိုးဝင်း(ခ)မိုဟာမက်အလီကိုတော့ ပုဒ်မ ၃ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။ ကျန် ၂ ဦးဖြစ်တဲ့ စိုးမင်းဇော်(ခ)သားငယ်နဲ့ ရာစင်(ခ)ကျော်သူ(ခ)ကျော်ကြီးကိုတော့ အမှုကနေ တရားသေလွှတ်ပေးခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး အဆောက်အဦနဲ့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူးရုံး အဆောက်အဦ ပေါက်ကွဲမှုဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၅ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မရမ်းကုန်းမြို့နယ် Ocean Center ပေါက်ကွဲမှုကတော့ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၇ မှာ ဖြစ်ပွားခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024