မဲခေါင်စာပေဆု စာရေးဆရာမ မေဇွန်အေးနှင့် တင့်ထွန်း(ချောက်)တို့ ရရှိ
DVB
·
April 24, 2018
မြန်မာနိုင်ငံစာရေးဆရာအသင်း မဲခေါင်စာပေဆု ရွေးချယ်ရေးအဖွဲ့က အခုနှစ်အတွက် ရွေးချယ်တဲ့ မဲခေါင်စာပေဆုကို စာရေးဆရာမ မေဇွန်အေးနဲ့ စာရေးဆရာ တင့်ထွန်း(ချောက်)တို့က ရရှိပါတယ်။
စာရေးဆရာမ မေဇွန်အေးက ''The Moon Light To Be Wooed'' (Selected Short Stories)(မျှားယူနေရတဲ့လရောင်)စာအုပ်နဲ့ ၀တ္ထုတိုပေါင်းချုပ်ဆုကို ရရှိခဲ့တာ ဖြစ် ပြီး စာရေးဆရာ တင့်ထွန်း(ချောက်)ကတော့ ''Bagan trip is rich in Flowers'' (ပုဂံလမ်း ပန်းတွေနဲ့ ဝေ)စာအုပ်နဲ့ ကဗျာပေါင်းချုပ်ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီစာပေဆုတွေကို ဗီယက်နမ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနဲ့ တရုတ် (ယူနန်ပြည်နယ်) နိုင်ငံတွေ ပါဝင်တဲ့ မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံတွေအတွက် ချီးမြှင့်တာ ဖြစ်ပြီး ၉ ကြိမ်ရှိပြီ ဖြစ်ပါတယ်။
အခုနှစ်အတွက် မဲခေါင်စာပေဆုချီးမြှင့်ပွဲ အခမ်းအနားကိုတော့ လာမယ့်ဇွန်လ ပထမပတ်အတွင်း ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပဖို့ရှိပါတယ်။