DVB Logo
Home
မြန်မာသတင်း
ရခိုင်ပဋိပက္ခ ချုပ်ငြိမ်းရန် ဘာသာရေးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး
DVB
·
June 13, 2012
ရခိုင်ပဋိပက္ခ ချုပ်ငြိမ်းရန် ဘာသာရေးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး
Donate to DVB

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုတွေကို ပြေလည်အောင် နည်းလမ်းရှာဖို့ အတွက် ဇွန် ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့က ခေါင်းဆောင်တွေ ဟာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများထံ သွားရောက်ပြီး ငြိမ်းချမ်းရေး အတွက် လျှောက်ထားကြပါတယ်။

ဒီနောက် အစ္စလာမ်ခေါင်းဆောင်တွေဟာ ဘာသာပေါင်းစုံ စည်းလုံးချစ်ကြည်ရေးအသင်း (ဟိန္ဒူ၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာတို့  ပူးပေါင်းပါဝင်ဖွဲ့စည်း) နဲ့ ရခိုင်တိုင်းရင်းသားတွေ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။

[caption id="attachment_26629" align="alignleft" width="300" caption="(ဓာတ်ပုံ- ရိုက်တာ)"][/caption]

ဒီတွေ့ဆုံပွဲကြောင့် အောင်မြင်မှုတချို့ ရရှိခဲ့တယ်လို့ အဲဒီဆွေးနွေးပွဲကို တက်တဲ့ မြန်မာ-မွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကျော်ခင် က ပြောပါတယ်။
တွေ့ဆုံပွဲအခြေအနေနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်ကို ရောက်နေတဲ့ ဦးကျော်ခင်က “ကျနော်တို့က တဘက်က သုံးပွင့်ဆိုင်ပေါ့၊ ရန်ကုန်မှာ လုပ်သလိုလုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ရန်ကုန်မှာ မနေ့က နိုင်ငံတော် သံဃမဟာနာယကကို လျှောက်တယ်။ တဘက်က ရခိုင်အမျိုးသားများကို ခေါ်တယ်။ တဘက်က အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေနဲ့ သုံးပွင့်ဆိုင် ထိုင်ပြီးဆွေးနွေးတော့ သံသယတွေက နည်းနည်းလေး ပြေသွားတယ်။ အဓိကဖြစ်တာက လှုံ့ဆော်မှုကြောင့် သံသယဖြစ်တယ်” လို့ ပြောပါတယ်။

 

အခုလုပ်ခဲ့တဲ့ သုံးပွင့်ဆိုင် တွေ့ဆုံပွဲလိုမျိုး စစ်တွေမှာလည်း ဆက်လုပ်သွားဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။

“လောလောဆယ် မောင်းတောကို သွားပါတယ်။ ကျနော်တို့ အစ္စလာမ် ဘာသာဝင် အများစုရှိတဲ့အတွက် ဒေသခံများကို ရှင်းပြပါတယ်။ ရှင်းပြပြီးတော့ ဒီအစီအစဉ်အတိုင်း ဖြစ်ဖို့ အတွက်ကို ဆောင်ရွက်ပါတယ်။ စစ်တွေမှာ ဒါကိုလုပ်ဖို့ စီစဉ်နေပါတယ်။”

ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေအတွက်လည်း အဖွဲ့တွေ စုပေါင်းပြီး သိန်း ၂၃၀၀ အလှူငွေ ထည့်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“အတိဒုက္ခရောက်တဲ့အတွက်ကို ကျနော်တို့ သာသနာ့နုဂ္ဂဟအသင်းကနေ သိန်း ၁၀၀၀ အလှူငွေထည့်ပါတယ်။ အစ္စလာမ် ဘာသာရေး အသင်းကနေ သိန်း ၁၀၀၀ ထည့်တယ်။ ရခိုင်အမျိုးသားများ အသင်းကနေ သိန်း ၃၀၀ ထည့်ပါတယ်။ အာလုံး သိန်း ၂၃၀၀ ရပါတယ်။ အတိဒုက္ခရောက်နေတဲ့ ဒုက္ခသည်များအတွက် ဒါကို ထည့်ဝင်လှူဒါန်းခြင်းဖြစ်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013