Home
မြန်မာသတင်း
ဖြူးမြို့အနောက်တောင်ဘက်တွင် ၃ ရက်ဆက် ငလျင်လှုပ်
DVB
·
April 23, 2018
  ဖြူးမြို့ အနောက်တောင်ဘက်မှာ ဒီနေ့မနက်အစောပိုင်းက အင်အားအသင့်တင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် ငလျင်လှုပ်တာ ၃ ရက်ဆက်တိုက် ရှိပြီဖြစ်ပါတယ်။ ဧပြီ ၂၃ ရက်နေ့ မြန်မာစံတော်ချိန် (၀၁) နာရီ (၀၁)မိနစ် (၄၅)စက္ကန့် အချိန်မှာ ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက် (၉၈) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဖြူးမြို့၏ အနောက်တောင်ဘက် (၂၉) မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် ၁၈.၂၉ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၀၅ဒီဂရီ၊ အနက် (၁၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁)အဆင့်ရှိ အင်အားအသင်အတင့်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ ဖြူးမြို့ အနောက်တောင်ဘက်မှာ ဧပြီ ၂၁ ရက်က ၅.၂ အဆင့်ရှိငလျင်၊ ၂၂ ရက်နေ့မှာ ၅.၁ အဆင့်ရှိငလျင်တွေ လှုပ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024