DVB Logo
Home
မြန်မာသတင်း
အကျဉ်းထောင် ၂၆ ခုတွင် အကျဉ်းသား ၂ သောင်းကျော် ပိုလျှံနေ
DVB
·
April 22, 2018
အကျဉ်းထောင် ၂၆ ခုတွင် အကျဉ်းသား ၂ သောင်းကျော် ပိုလျှံနေ
Donate to DVB

 

အကျဉ်းထောင် ၂၆ ခုမှာ အကျဉ်းသား ၂ သောင်းကျော်လောက် ပိုလျံနေသေးတယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အကျဉ်းထောင်တွေကို လိုက်လံစစ်ဆေးခဲ့ရာမှာ အခုလို ပိုလျံနေတာ တွေ့ခဲ့ရတယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။

လူ့ခွင့်အရေးကော်မရှင်အနေနဲ့ အကျဉ်းထောင်တွေထဲမှာ ရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ မူးယစ်ပြစ်ဒဏ်ကျခံနေရသူတွေကို ပြန်လည်လွှတ်ပေးဖို့ နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုအစိုးရဆီကို အကြံပြုစာပေးပို့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့က နိုင်ငံတော်သမ္မတက လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေဟာ ကော်မရှင်ရဲ့ အကြံပြုချက်အတိုင်း ဖြစ်ပေမယ့် အကျဉ်းထောင်တွေအထဲမှာ အကျဉ်းသားဦးရေဟာ ရှိသင့်တာထက်ပိုနေတယ်လို့ ဦးယုလွင်အောင်က ပြောပါတယ်။

အကျဉ်းထောင်တွေနဲ့ ရဲအချုပ်ခန်းတွေကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က လိုက်လံစစ်ဆေးမှုတွေအရ အကျဉ်းထောင်တချို့နဲ့ ရဲအချုပ်ခန်းတချို့မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေမရှိအောင် အကျဉ်းထောင်တွေနဲ့ ရဲအချုပ်ခန်းတွေကို လိုက်လံစစ်ဆေးနေသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ထိထိရောက်ရောက်အရေးယူဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို တိုက်တွန်းသွားမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေကို ပိုမိုကာကွယ်မှုတွေပြုလုပ်ဖို့တွေက် အရှိန်ဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့  ဧပြီ ၁၉ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နှစ်ဆန်း ၁ ရက်နေ့က သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံတဝန်း အကျဉ်းထောင်တွေကနေ အကျဉ်းသား  ၈၄၉၀ ဦး လွှတ်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013