Live
Home
မြန်မာသတင်း
တိုကျိုမြို့ရောက် မြန်မာများ နှစ်သစ်ကူး စတုဒီတာကျွေးမွေးပွဲ ကျင်းပ
DVB
·
April 21, 2018
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ မြန်မာလူငယ်တွေ ဦးစီးပြီး နှစ်သစ်ကူးမြန်မာစတုဒီတာ ကျွေးပွဲကို ဧပြီ ၂၁ ရက်နေ့က အိုဂျီမ ခိုမစုဂ၀ ပန်းခြံမှာ ပြုလုပ်ခဲ့ပါတယ်။ မြန်မာဘုန်းတော်ကြီးတွေကို စုပေါင်းနေ့ဆွမ်းကပ်လှူခဲ့ပြီး ပွဲကို လာရောက်သူ ဂျပန်လူမျိုးများအပါအ၀င် မြန်မာလူမျိုး ၄၀၀ နီးပါးကို မြန်မာအစားအစာတွေနဲ့ စတုဒီတာကျွေးခဲ့တာဖြစ်ပါတယ်။ နှစ်သစ်မှာ မြန်မာ့စိတ်ရင်းစေတနာဖြစ်တဲ့ စုပေါင်းအလှူသဘောမျိုး ဂျပန်လူမျိုးတွေကို ပြသချင်တာရယ်၊ ဂျပန်မှာ မြန်မာအစားအစာတွေ ချက်စားဖို့ဆိုတာ အခက်အခဲတချို့ရှိကြတာမို့ စေတနာပြုချင်တာကြောင့် ကျင်းပပြုလုပ်ရတာလို့ ဦးဆောင်ကျင်းပသူတဦးဖြစ်တဲ့ မသည်းသဉ္ဇာဦးက ဒီဗွီဘီ ပြောပါတယ်။ အခုလို ဂျပန်နိုင်ငံမှာ မြန်မာတွေစုပေါင်းပြီး စတုဒီတာကျွေးပွဲလုပ်တာ ပထမဦးဆုံးဖြစ်ပြီး နောက်နှစ်တွေမှာ ပိုမိုကောင်းမွန်အောင် ကြိုးစားသွားမယ်လို့လည်း ဆိုပါတယ်။ အခုလို မြန်မာနှစ်ဦးမှာ စားရခဲတဲ့ မြန်မာအစားစာတွေကို တနေရာထည်း စားခွင့်ကြုံလို့ ကျင်းပသူတွေ ကုသိုလ်ရကြမှာပါလို့ စတုဒီတာပွဲလာရောက်ခဲ့သူ လွိုင်ကော်မြို့နေ စိုင်းသန်းဝင်းက ပြောပါတယ်။ ဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံသား ၂ သောင်းလောက် ရောက်ရှိနေထိုင်နေတာဖြစ်ပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ဇော်ဇော်လှိုင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024