Home
မြန်မာသတင်း
ဦးပိုင်ထုတ်မည့် ဆေးဝါး ၆ မျိုးကို အစိုးရ ကန့်ကွက်
DVB
·
April 21, 2018
မြန်မာ့စီးပွားရေးဦးပိုင်က ထုတ်လုပ်မှတ်ပုံတင်မယ့် ဆေးဝါး ၆ မျိုးကို အစိုးရ၊ စက်မှုဝန်ကြီးဌာနက ကန့်ကွက်လိုက်ပါတယ်။ စီဗစ်သောက်ဆေးအပါအ၀င် ဆေး ၆ မျိုးဟာ အင်းစိန်ဘီပီအိုင်စက်ရုံက ထုတ်လုပ်နေပြီး ဈေးကွက်မှာလည်း မှတ်ပုံတင်ထားပြီးဖြစ်လို့ ကန့်ကွက်လိုက်တာ ဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ဟာ ဧပြီ ၁၄ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာ သူတို့ရဲ့ ပြင်ဦးလွင်ဆေးဝါးစက်ရုံကနေ စီဗစ်ဆေးအပါအ၀င် ဆေးဝါး ၅၁ မျိုးကို တဦးတည်းမူပိုင်ဖြစ်ကြောင်း မှတ်ပုံတင်မှာဖြစ်လို့ ၇ ရက်အတွင်း ကန့်ကွက်လိုသူရှိက ကန့်ကွက်နိုင်တယ်လို့ ကြေညာခဲ့ပါတယ်။ ဒီ ကြေညာချက်နဲ့ပတ်သက်ပြီး စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းက ဧပြီ ၂၀ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာ ကြော်ငြာထည့်သွင်းပြီး ပြန်လည်ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ဟာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်းအနီးရှိ ပြင်ဦးလွင်ဆေးဝါးစက်ရုံကနေ ဆေးဝါး ၅၁ မျိုးထုတ်လုပ်ပြီး ကြေးတိုင်နဲ့မြေစာရင်းဦးစီးဌာနရှိ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ တဦးတည်းမူပိုင်အဖြစ် မှတ်ပုံတင်သုံးစွဲဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024