Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
April 20, 2018
မတ်ပဲ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၄,၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၉၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၄၀,၅၀၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မုံရွာကုန်စည်ဒိုင် တအိတ်ကို ၄,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ပဲစင်းငုံနီ မုံရွာကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက အဟောင်း တအိတ်ကို ၃၆,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ငွေကျပ် ၃၆,၆၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၆၀၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၆၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ မြေပဲလုံးဆံနီ မုံရွာကုန်စည်ဒိုင်မှာ မြေပဲလုံးဆီနီက တပိဿာကို ၂,၂၀၀ ကျပ်ကနေ ၂,၂၂၅ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၂၅ ကျပ် ဈေးကျဆင်းသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၂,၂၂၅ ကျပ် ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မုံရွာနဲ့ အောင်လံ ကုန်စည်ဒိုင်ဈေး ကွာခြားမှု မရှိပါဘူး။ ပဲကြီး(ရွှေကျွန်း) မုံရွာကုန်စည်ဒိုင်မှာ ပဲကြီး(ရွှေကျွန်း)က ၁ တင်းကို ၂၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၁,၅၀၀ ပေါက်ဈေးရှိပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တတင်းကို ၃၄,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ တင်းကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။  မုံရွာနဲ့ အောင်လံ ကုန်စည်ဒိုင် ၁ တင်းကို ၂,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ပဲဇီးကွက် မြင်းခြံကုန်စည်ဒိုင်မှာ ပဲဇီးကွက်က ၁ တင်းကို ၂၀,၁၅၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုနစ်ည်ဒိုင်မှာတော့ ၁ တင်းကို ၂၁,၈၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ တင်းကို ၁၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ တင်းကို ၁,၆၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ စွန်တာပဲ မြင်းခြံကုန်စည်ဒိုင်မှာ စွန်တာပဲက ၁ တင်းကို ၁၆,၂၀၀ ကျပ်ကနေ ငွေကျပ် ၁၇,၀၀၀ ပေါက်ဈေးရှိပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ တင်းကို ၁၉,၅၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မြင်းခြံနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ တင်းကို ၂,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း - AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024