Home
မြန်မာသတင်း
သဖန်းဆိပ်ရေလှောင်တမံရှိ ကျွန်းလှမြို့ဟောင်းနာရီစင် ရေအောက် ပြိုကျ
Aung Ko Latt
·
April 20, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ် ရေလှောင်တမံအတွင်းက ကျွန်းလှမြို့ဟောင်းရဲ့ နာရီစင် သဘာဝဘေးဒဏ်ကြောင့် ဧပြီ ၁၈ ရက်က ရေအောက်ကို ပြိုကျသွားပါတယ်။ ဧပြီလ ၁၇ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ လေကြောင့် ရေလှောင်တမံအတွင်း လှိုင်းကြီး လေထန်ပြီး ပြိုကျသွားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျွန်းလှမြို့ခံ ကိုထက်က “နှစ်ဆန်း ၁ ရက်နေ့က ကလေးတွေ ဓာတ်ပုံသွားရိုက်ကြသေးတယ်။ ဖြစ်နိုင်တာက နှစ်ဆန်း ၂ ရက်နေ့မှာ ဖြစ်နိုင်တယ်။ မနေ့ကတော့ တယောက်က နာရီစင်ကြီး မရှိတော့ဘူးဆိုပြီး ပြောလာမှ သိတာ။ ဒါကြောင့် ဒီနေ့လာပြီး အခြေအနေမှန်သိရအောင် ရေငုပ်ကြည့်တာ။ ဒီဟာ ပြိုသွားတဲ့အတွက်တော့ ကျွန်းလှမြို့သူမြို့သားတွေက ဝမ်းနည်းနေကြတယ်။ ကျနော်တို့အတွက်ကတော့ ဒေသရဲ့ အထိမ်းအမှတ် ပြယုဂ်တခု ကွယ်ပျောက်သွားတာပေါ့။"လို့ပြောပါတယ်။ လက်ရှိမှာ မြို့ခံအချို့က ဒီနေ့မနက်ကစတင်ကာ နာရီစင်ဟောင်းနေရာကို GPS နဲ့ ရှာဖွေကာ ပြိုကျတဲ့အခြေအနေမှန် သိနိုင်ဖို့အတွက် ရေငုပ်စူးစမ်းလေ့လာနေကြပါတယ်။ သဖန်းဆိပ်ရေလှောင်တမံကို ၁၉၉၆-၉၇ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ကျွန်းလှမြို့ အပါအဝင် ကျေးရွာပေါင်း ၆၀ ကျော် ရေအောက်နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024