Home
မြန်မာသတင်း
မြိတ်မြို့တွင် ဆိုင်ကယ်တက္ကစီအား ဓားထောက်လုယက်မှုဖြစ်ပွား
DVB
·
April 19, 2018
မြိတ်မြို့မှာ ဆိုင်ကယ်တက္ကစီကို ဓားထောက်လုယက်မှုတစ်ခု ဧပြီလ ၁၈ ရက်နေ့ ညပိုင်းကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် ကြယ်စင်တည်းခိုခန်းရှေ့မှာ ဦးအောင်ကျော်စိုး မောင်းနှင်လာတဲ့ ဆိုင်ကယ်တက္ကစီကို လောင်းလုံမြို့နယ် အင်းစောက်ကျေးရွာနေ အောင်ကိုကိုက တောင်ရှည်ကျေးရွာကို ပို့ဆောင်ပေးဖို့ ကျပ် ၈၀၀၀ နဲ့ ငှားခဲ့ပြီးနောက် လမ်းမှာ ဓားထောက်ပြီး လုယက်ဖို့ ကြိုးစားခဲ့တာလို့ သိရပါတယ်။ ကျွဲကူးနယ်မြေ ရဲကင်းမှူး ရဲအုပ် တင်ထွဋ်က "အောင်ကိုကိုက မြို့ထဲတည်းခိုခန်းကနေ ဆိုင်ကယ်တက္ကစီကို ငှားလာတယ်။ တောင်ရှည်ရွာနဲ့ တောင်းညိုရွာကြားကိုရောက်တော့ အောင်ကိုကိုက ဖိနပ်ကျွယ်ပြောပြီး ဆိုင်ကယ်ကို ရပ်ခိုင်းတယ်။ ဆိုင်ကယ်ရပ်လိုက်တဲ့အချိန်မှာ သူက ဆိုင်ကယ်မောင်းသူကိုလည်ပင်းကို ဓားနဲ့ထောက်ထားတယ်။ ဆိုင်ကယ်မောင်းသူက ရုန်းတော့ လည်ပင်းမှာ နှစ်ချက်ရှ သွားတယ်။ လက်တွေမှာလည်း ရှသွားတယ်။ ဆိုင်ကယ်သမား ထွက်ပြေးတော့ အောင်ကိုကိုက ဆိုင်ကယ်ယူပြီး စက်တော်ရာဘုရားဘက်ကို မောင်းပြေးသွား တယ်။ ကျနော်တို့လည်းလိုက်ရင်းနဲ့ ၄၀၁ တပ်နားကိုရောက်တော့ တပ်ကလည်း ရှေ့က ပိတ်ပေးတော့ ဖမ်းမိသွားတယ်" လို့ ပြောပါတယ်။ ဆိုင်ကယ်လုယူစဉ်က လုံးထွေးခဲ့တဲ့အတွက် ဦးအောင်ကျော်စိုးရဲ့ လည်ပင်းမှာ ပြတ်ရှ ဒဏ်ရာ၊ ယာဘက် လက်သန်းပြတ်ရှ၊ ဘယ်ဘက်လက်သန်းပြတ်ရှ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက  ပြစ်မှုကျူးလွန်ခဲ့သူ ရေလုပ်သား အောင်ကိုကို ကို တောင်ရှည်နယ်မြေရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ် မ -၃၉၄ အရ ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရပါတယ်။ သတင်း - မြတ်ထွဋ် ( မြိတ် )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024