ထာဝရငြိမ်းချမ်းရေးဆီသို့… (ဓာတ်ပုံ)
DVB
·
June 12, 2012
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ၂၀၁၂ ခုနှစ် ဇွန်လ ၁၀ ရက်နေ့က ပြည်တွင်းစစ်ရပ်စဲပြီး ထာဝရငြိမ်းချမ်းရေး ရရှိစေဖို့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။
ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ပွဲကို မနောကွင်းအရှေ့ ဘက်စုံအားကစားကွင်းမှာ မြို့နယ်အသီးသီးက ပြည်သူတွေစုရုံးပြီး မနက် ၁၀ နာရီအချိန်က စတင်ထွက်ခွာခဲ့ပါသည်။
ငြိမ်းချမ်းရေးလိုလားတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ကာ မြစ်ကြီးနားမြို့ကို လှည့်လည်အပြီး ဆုတောင်းပြည့် လျောင်းတော်မူ ဘုရားအနီးမှာ ဆန္ဒဖော်ထုတ်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။
[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/mkn-peace/]