ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် ဒေသနှစ်ခုကို ကုလစစ်ဆေးရေးအဖွဲ့ လေ့လာ

ဓာတ်ပုံ - ရိုက်တာ
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ စစ်ဆေးရေးအဖွဲ့ဟာ ဓာတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဆီးရီးယားနိုင်ငံက ဒေသနှစ်ခုကို လာရောက်လေ့လာနေပြီး အစိုးရကလည်း ကူညီပေးနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယားသံအမတ်က ဧပြီ ၁၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဓာတုတိုက်ခိုက်မှု ဖြစ်ခဲ့တဲ့နေရာကို နိုင်ငံတကာ ဓာတုလက်နက် အသုံးပြုမှု တားမြစ်ရေးအဖွဲ့ (OPCW) က စုံစမ်းစစ်ဆေးသူတွေ ဝင်သင့်၊ မဝင်သင့် ဆိုတာကို လုံခြုံရေးကောင်စီရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့က ဆုံးဖြတ်ရမှာဖြစ်ပေမယ့် ဆီးရီးယားအစိုးရဘက်ကတော့ အကူအညီတွေ ပေးနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယားသံအမတ် ဘာရှာအယ်လ် ဂျာဖာရီက ပြောပါတယ်။ “အချက်အလက်ရှာဖွေရေးအဖွဲ့ကို အကူအညီပေးနိုင်တာ အကုန်လုံး ဆီးရီးယားအစိုးရက လုပ်ပြီးပါပြီ။ အဖွဲ့ကလည်း ဒမတ်စကတ်စ်ကို ရောက်ကတည်းက အလုပ်တွေ စတင်နေပါပြီ။ သံသယဖြစ်ဖွယ် ဓာတုတိုက်ခိုက်မှုမှာ မျက်မြင်တွေရဲ့အသံကို မနေ့တုန်းက သူတို့  နားထောင်ခဲ့ပါတယ်။ အဖွဲ့က အခုတပတ်မှာ အလုပ်စလုပ်ပါပြီ” လို့ ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယားသံအမတ် ဘာရှာအယ်လ် ဂျာဖာရီက ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up