Saturday, June 3, 2023
HomeLead Storyဗိုလ်တထောင်ဘုရားရှိ ဆံတော်ကို ရွှေတိဂုံဘုရားသို့ သံဃာအပါး ၄၅၀၀ ဖြင့် ပင့်ဆောင်ပူဇော်

ဗိုလ်တထောင်ဘုရားရှိ ဆံတော်ကို ရွှေတိဂုံဘုရားသို့ သံဃာအပါး ၄၅၀၀ ဖြင့် ပင့်ဆောင်ပူဇော်

ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်မှာ ကိန်းဝပ်စံပယ်တော်မူနေတဲ့ မြတ်စွာဘုရားဆံတော်ကို ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ဧပြီ ၁၉ ရက် မနက်က သံဃာတော် အပါး ၄၅၀၀ နဲ့ ပင့်ဆောင်ပူဇော်ခဲ့ပါတယ်။

ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်း၊ ကမ်းနားလမ်း၊ သိမ်ဖြူလမ်း၊ ကန်ရိပ်သာလမ်း၊ နတ်မောက်လမ်းနဲ့ ဗဟန်း ကြားတောရလမ်းအတိုင်း ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်ကို ပင့်ဆောင်တာ ဖြစ်ပါတယ်။

မြတ်စွာဘုရား ဆံတော်နဲ့အတူ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်ကိုပါ တပါတည်း ပင့်ဆောင်ခဲ့ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီး ရင်ပြင်တော်မှာရှိတဲ့ ချမ်းသာကြီးတန်ဆောင်းမှာ အများပြည်သူ ဖူးမြော်ခင့်ရဖို့ ၇ ရက်တိုင်အောင် အပူဇော်ခံထားမှာဖြစ်ပါတယ်။

မြတ်စွာဘုရားဆံတော်ကို ဧပြီ ၂၄ ရက် မွန်းလွဲပိုင်းမှာ  ဗိုလ်တထောင်ဘုရားကို ပြန်လည်ပင့်ဆောင်မှာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ-ပြည့်ဘုန်းအောင၊ စိုးမိုးအောင်

RELATED ARTICLES
- Advertisment -
Google search engine

Most Popular