မန်ယူတောင်ပံကစားသမား မာရှယ်ကို ဘာစီလိုနာ ခေါ်ယူရန် ပြင်ဆင်

ဘာစီလိုနာအသင်းဟာ မန်ယူတောင်ပံကစားသမား မာရှယ်ကို ပေါင်သန်း ၆၀ နဲ့ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ မာရှယ်နဲ့ မန်ယူအသင်းတို့ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၁၉ ခုနှစ် နွေရာသီမှာ ကုန်ဆုံးမှာပါ။ မန်ယူအသင်းက မာရှယ်ကို စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းထားပေမယ့် ပုံမှန်ပွဲထွက်ခွင့်မရတဲ့ အခြေအနေကြောင့် မာရှယ်က လက်မခံသေးဘူးလို့ သိရပါတယ်။ ဒီအခြေအနေကို ဘာစီလိုနာအသင်းက စောင့်ကြည့်နေပြီး လာမယ့်နွေရာသီမှာ ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတာပါ။ ပြင်သစ်လက်ရွေးစင် မာရှယ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက ဆန်းချက်ဇ် ရောက်ရှိလာပြီး နောက်ပိုင်း ၄ ပွဲပဲ ကစားခဲ့ရပါတယ်။ ဘာစီလိုနာအသင်းဟာ လာမယ့်ဘောလုံးရာသီမှာ အောင်မြင်မှုရဖို့ မျှော်မှန်းထားတာကြောင့် မာရှယ် အပါအဝင် အက်သလက်တီကိုက ဂရစ်ဇ်မန်းကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up