DVB Logo
Home
မြန်မာသတင်း
ဖျာပုံမြို့အနီး ရစ်ခ်တာစကေး ၄.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်
DVB
·
April 18, 2018
ဖျာပုံမြို့အနီး ရစ်ခ်တာစကေး ၄.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်
Donate to DVB

 

ဒီနေ့ နေ့လည်ပိုင်းက ဧရာဝတီတိုင်း ဖျာပုံမြို့အနီး ဗဟိုပြုပြီး အင်အား အနည်းငယ်ရှိ ငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။

ဧပြီ ၁၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၄ နာရီ ၂၅ မိနစ်၊ ၄၂ စက္ကန့် အချိန်မှာ ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်ဘက် ၄၆ မိုင်လောက်ကွာဝေးတဲ့ ဖျာပုံမြိုရဲ့ အရှေ့- အရှေ့တောင်ဘက် ၃၅ မိုင်လောက်အကွာ မြောက်လတ္တီတွဒ် ၁၆.၂၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၁၉ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၄.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်ကလည်း ကမ္ဘာအေးမြေငလျင်စခန်းရဲ့ အနောက်ဘက် ၁၉ မိုင်ခန့်အကွာကို ဗဟိုပြုပြီး  အင်အားရစ်(ခ်)တာစကေး ၄.၃ အဆင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013