A d v e r t i s e m e n t With Us

သေဆုံး​သူများ​အတွက် ဝမ်း​နည်း​ကြောင်း​ အန်အယ်လ်ဒီနှင့်​တိုင်း​ရင်း​သား​ခေါင်း​ဆောင်များ​ကြေညာ

ရခိုင်ပြည်နယ်အတွင်း​ အကြမ်း​ဖက်တိုက်ခိုက်မှုများ​ကြောင့်​ ​သေဆုံး​ဒဏ်ရာရခဲ့​ကြတဲ့​ မိသား​စု​တွေအတွက် ဝမ်း​နည်း​ကြောင်း​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်နဲ့​ မဟာမိတ်တိုင်း​ရင်း​သား​ ​ခေါင်း​ဆောင်​တွေက ထုတ်ပြန်​ကြေညာလိုက်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း​ ဖြစ်ပွား​နေတဲ့​ ပဋိပက္ခ​တွေနဲ့​ပတ်သက်ပြီး​ စ​နေ​နေ့​က အန်အယ်လ်ဒီနဲ့​ တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေ စည်း​ဝေး​ကြပြီး​နောက် ပူး​တွဲသ​ဘောထား​ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ ဒီ​ကြေညာချက်မှာ အကြမ်း​ဖက်တိုက်ခိုက်မှု​တွေကို ထိ​ရောက်လျင်မြန်စွာ အ​ရေး​ယူ​ဆောင်ရွက်​ပေး​ဖို့​နဲ့​ ပြည်သူ​တွေရဲ့​အသက်အိုး​အိမ်ပစ္စည်း​တွေကို ကာကွယ်​စောင့်​ရှောက်​ပေး​ဖို့​ အစိုး​ရတာဝန်ရှိ​တွေကို တိုက်တွန်း​ထား​ပါတယ်။ ဒါ့​ပြင် အကြမ်း​ဖက်တိုက်ခိုက်မှု​တွေနဲ့​လှုံ့​ဆော်မှု​တွေကို ရပ်ဖို့​နဲ့​ ဘာသာ​ရေး​နဲ့​လူမှု​ရေး​အဖွဲ့​ အစည်း​တွေက ပုဂ္ဂိုလ်​တွေအ​နေနဲ့​ တည်ငြိမ်း​အေး​ချမ်း​ရေး​မှာ ပါဝင်​ဆောင်ရွက်ဖို့​လည်း​ တိုက်တွန်း​ထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up