DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အ​ရေး​ ​ရွှေတိဂုံဘုရား​ရင်ပြင်တွင် ဆန္ဒပြ
DVB
·
June 9, 2012
Donate to DVB

ရခိုင်ပြည်နယ်အတွင်း​ ဖြစ်ပွား​ခဲ့​တဲ့​ အကြမ်း​ဖက်မှု​တွေကို ကန့်​ကွက်ရှုတ်ချတဲ့​အ​နေနဲ့​ ရန်ကုန်မြို့​မှာရှိတဲ့​ ရခိုင်တိုင်း​ရင်း​သား​တွေနဲ့​သံဃာ​တော် အပါဝင် အင်အား​ ၃၀၀ ​လောက်ဟာ ဒီ​နေ့​မွန်း​လွဲပိုင်း​က ​ရွှေတိဂုံ ဘုရား​ရင်ပြင်မှာ ငြိမ်း​ချမ်း​စွာ ဆန္ဒ​ဖော်ထုတ်ခဲ့​ကြပါတယ်။

ရခိုင်တိုင်း​ရင်း​သား​တွေဟာ ဒီ​နေ့​ မွန်း​လွဲပိုင်း​မှာ ​ရွှေတိဂုံဘုရား​ ​တောင်ဘက်မုခ်နဲ့​ အ​ရှေ့​ဘက်မုခ်ကြား​ရှိ ဓညဝတီသာသန​ကျောင်း​တိုက်က​နေ ​ရွှေတိဂုံရင်ပြင်​တော်ကို လာ​ရောက်ဆန္ဒပြခဲ့​တာဖြစ်ပြီး​ စာရွက်​တွေနဲ့​ ပိတ်ဖြူ​တွေ ​ပေါ်မှာ ရခိုင်ပြည်နဲ့​ အမျိုး​ဘာသာသာသနာကို ကာကွယ်​ပေး​ဖို့​ စတဲ့​ အ​ကြောင်း​အရာ ​ရေး​ထား​တဲ့​ပိုစတာ​တွေ ကိုင်ဆွဲပြီး​ ဆန္ဒ​ဖော်ထုတ်ခဲ့​ကြတာပါ။

ဆန္ဒပြပွဲမှာ ပါဝင်တဲ့​ ရခိုင်တိုင်း​ရင်း​သား​တဦး​က “ကျ​နော်တို့​လက်ရှိ ဆန္ဒထုတ်​ဖော်မှု​တွေ လုပ်​နေတာဟာ ဖြစ်လာတဲ့​ပြဿနာကို ကြီး​ထွား​လာ​အောင် လုပ်​နေတာမဟုတ်ပါဘူး​။ ကျ​နော်တို့​က လူထုသိ​အောင်၊​ တနိုင်ငံလုံး​အ​နေနဲ့​တိုင်း​ရင်း​သား​ ​ပေါင်း​စုံကာကွယ်နိုင်​အောင်လုပ်​နေတာပါ။ ကျ​နော်တို့​ရဲ့​ ခံစား​ချက်​တွေကို တခြား​သူ​တွေ သိ​အောင်ပါ။ ဒါ ကျ​နော်တို့​ ရခိုင်လူမျိုး​နဲ့​သာ သက်ဆိုင်တဲ့​ ပြဿနာတခုလို့​ မမြင်ပါဘူး​ခင်ဗျ။ ဒါ မြန်မာတနိုင်ငံလုံး​နဲ့​သက်ဆိုင်တဲ့​ ပြဿနာတခုပါ” လို့​ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်း​ သတ်ဖြတ်မှုများ​ကို တား​ဆီး​ပေး​ဖို့​၊​ လှုံ့​ဆော်သူ​တွေနဲ့​ ကျူး​လွန်သူ​တွေကို ထိ​ရောက်စွာ အ​ရေး​ယူအပြစ်​ပေး​ဖို့​၊​ ပြစ်မှုကျူး​လွန်ပြီး​ တဖက်နိုင်ငံကို ထွက်​ပြေး​သွား​သူများ​ကို ပြန်လည်​တောင်း​ခံ​ပေး​ဖို့​ စတဲ့​အချက်​တွေလည်း​ ဆန္ဒုပြသမား​တွေက အစိုး​ရကို ​တောင်း​ဆိုထား​ပါတယ်။

ဇွန် ၈ ရက်​နေ့​က ရခိုင်ပြည်နယ် ​မောင်​တောမြို့​မှာ အစ္စလာမ်ဘာသာဝင်တချို့​က လူ​နေအိမ်​တွေကို မီး​ရှို့​ဖျက်ဆီး​မှု၊ ဖြစ်ပွား​ခဲ့​ပြီး​နောက်တ​နေ့​မှာ ရန်ကုန်မှာရှိတဲ့​ ရခိုင်တိုင်း​ရင်း​သား​တွေက ​ရွှေတိဂုံဘုရား​မှာ ဆန္ဒပြခဲ့​ကြတာပါ။

ဒီဆန္ဒပြပွဲကို လုံခြုံ​ရေး​တွေက​တော့​ ​နှောင့်​ယှက်ဟန့်​တား​တာမရှိပါဘူး​။ ခုရက်ပိုင်း​အတွင်း​ ဖြစ်ပွား​နေတဲ့​ ပြဿနာ​တွေ ဒိထက် ပိုပြီး​ကြီး​ထွား​မလာဖို့​က​တော့​ ပြည်​ထောင်စုအစိုး​ရရဲ့​ စွမ်း​ဆောင်ရည်အ​ပေါ်မှာ မူတည်​နေတယ်လို့​လည်း​ ဆန္ဒပြ သမား​တွေက ​ပြောပါတယ်။ အစိုး​ရက​တော့​ ​မောင်​တောနဲ့​ဘူး​သီး​တောင်မှာ လူ ၅ ​ယောက်ထက် ပိုမစုဖို့​နဲ့​ ညမထွက်ရအမိန့်​ထုတ်ပြန်ထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013