ဒီကနေ့ဟာ နှစ်ဆန်းတရက်နေ့ အခါသမ ဖြစ်တဲ့အတွက် တန်ခိုးကြီး ဘုရားတွေမှာ ဘုရားဖူးတွေနဲ့ စည်းကားနေပါတယ်။
ရန်ကုန်မြို့က ရွှေတိဂုံဘုရားမှာလည်း နယ်ပေါင်းစုံက ဘုရာဖူးတွေနဲ့ ထောင်းသောင်ချီးပြီး အထူးစည်းကားနေပါတယ်။
နှစ်သစ်အတွက် ဘုရားမှာ ၀တ်ပြု ဆုတောင်းတာ၊ လှူတန်းတာ၊ ငါးဘေးမဲ့ လွှတ်တာ၊ ကုသိုလ်ကောင်းမှု ပြုတာတွေ ပြုလုပ်ကြပါတယ်။
မန္တလေးက မဟာမြတ်မုနိ ဘုရားမှာလည်း နှစ်ဆန်းတရက်နေ့အတွက် ဘုရားဖူးတွေ အနယ်နယ် အရပ်ရပ်က လာရောက်ပြီး စည်းကားနေပါတယ်။
ဘုရားမှာ ရွှေသင်္ကန်းကပ်တာ၊ ဆီမီးပန်း၊ ရေချမ်း၊ ဆွမ်းခဲဘွယ်၊ စတာတွေ ကပ်လှူကြပါတယ်။ ဘုရားရင်ပြည်တော်မှာလည်း သန့်ရှင်းရေး လုပ်တာ၊ ငှက်စာကျွေးတာ၊ ငါးလွှတ်တာတွေနဲ့ ကုသိုလ်ယူခဲ့ပါတယ်။
အလားတူ မန္တလးက မဟာလောကရန်နှိမ်အောင်တော်မူမြတ်စွာဘုရားမှာလည်း နှစ်ဆန်းတစ်ရက်နေ့မှာ ဘုရာဖူးသူ၊ ကုသိုလ်ပြုသူတွေနဲ့ ပြည့်နှက်နေပါတယ်။