သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ထဲ နိုင်ငံရေးအကျဉ်းသား ၃၆ ဦးပါဝင်

1.6K
ဒီကနေ့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသားခွင့်ထဲမှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းဝင် ၃၆ ဦးပါဝင်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။
ဒီကနေ့လွတ်လာသူတွေထဲမှာ အသက် ၈၀ နှစ်နဲ့အထက် ၂၇ ဦး၊ အသက် ၇၅ မှ ၈၀ အကြား ၂၉ ဦး၊ ကျန်းမာရေးမကောင်း ၁၄ ဦး၊ လဝကအက် ၁၃(၁) နိုင်ငံခြားသား ၄၄ ဦး၊ မူးယစ်ပုဒ်မ (၁၅) ဖြင့် ပြစ်ဒဏ်ကျ ၁၄၆၂ ဦးမူးယစ်ပုဒ်မ ၁၆(ဂ)ဖြင့် ပြစ်ဒဏ်ကျ ၃၂၂၀ ဦး၊ မူးယစ်ပုဒ်မ ၁၅/၁၆(ဂ) ဖြင့် ပြစ်ဒဏ်ကျ ၁၆၈၀ ဦး တို့ ပြစ်ဒဏ်ကျခံရန်ကျန် ၃ နှစ်နှင့် အောက်တွေကို လွှတ်ပေးတာလို့ ဆိုပါတယ်။
ဒါ့အပြင် တပ်မတော်အက်ဥပဒေနဲ့ ပြစ်ဒဏ်ကျသူ ၁၈၈. ဦး၊ ရဲစည်းကမ်းထိန်း သိမ်းရေးပြစ်ဒဏ်ကျသူ ၁၄၁ ဦး၊ AAPP စာရင်းဝင် နိုင်ကျဉ်း ၃၆ ဦး၊ နိုင်ငံသားအကျဉ်းသူ ၁ ဦး၊ ဗီယက်နမ် ၈ ဦး၊ အကျဉ်းသား ၇ ဦး သီးလွတ်မြောက်လာကြောင်း ဖော်ပြပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားပါဝင်တဲ့အပေါ် ၀မ်းသာကြိုဆိုကြောင်း အေအေပီပီအတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။
“အေအေပီပီက သတ်မှတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခဲ့တဲ့အပေါ်မှာ ကြိုဆိုပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းများအပေါ်မှာ တင်ရှိနေတဲ့ ပြစ်မှုကြွေးကျန်များကို ပယ်ဖျက်ပေးတဲ့အပေါ်မှာလည်း ၀မ်းသာမိပါတယ်။ အသက်မွေးဝမ်းကျောင်းလိုင်စင် ပြန်မရသေး တဲ့ နိုင်ကျဉ်းဟောင်းများအတွက် အမြန်ဆုံးပြန်ထုတ်ပေးပါရန်နှင့် အလုပ်ခေါ်စာများတွင် နိုင်ငံရေးပြစ်မှုများဖြင့် ပြစ်ဒဏ်ပေးခံရခြင်းရှိသူများ မပါဝင်ရဆိုသော စကားရပ်များကိုလည်း ပယ်ဖျက်ပေးသော အမိန့်စာ ထုတ်ပေးပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။”
ဒါ့အပြင် ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားများ နဲ့ အမှုရင်ဆိုင်နေသူတွေကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း မေတ္တာရပ်ခံပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ စာရင်းအရ လက်ရှိအကျဉ်းထောင်တွေမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၅၄ ဦးရှိပြီ၊ ထောင်တွင်း အမှုရင်ဆိုင်နေရသူ ၇၄ ဦးနဲ့ ထောင်ပြင်ကနေ အမှုရင်ဆိုင်နေရသူ ၁၂၀ ရှိကြောင်း ဖော်ပြပါတယ်။