DVB Logo
Home
မြန်မာသတင်း
မောင်​တောနှင့်​ ဘူး​သီး​တောင်မြို့​တို့​တွင် ညမထွက်ရအမိန့်​ထုတ်ပြန်
DVB
·
June 9, 2012
Donate to DVB

ရခိုင်ပြည်နယ် ​မောင်​တောမြို့​နဲ့​ ဘူး​သီး​တောင်မြို့​နယ်​တွေမှာ တရား​ဥပ​ဒေ စိုး​မိုး​ရေး​နဲ့​ တည်ငြိမ်​အေး​ချမ်း​ဖို့​အတွက် ရည်ရွယ်ပြီး​ မြို့​နယ်အာဏာပိုင်​တွေက လူ ၅ ဦး​ထက်ပိုပြီး​ လူမစု​ဝေး​ကြဖို့​နဲ့​ ညမထွက်ဖို့​ အမိန့်​ထုတ်ပြန်လိုက်ပါတယ်။

မောင်​တောမြိုမှာ အကြမ်း​ဖက်မှု​တွေ ဖြစ်ပွား​ခဲ့​တဲ့​ အ​ခြေအ​နေကို ထိန်း​သိမ်း​ဖို့​ မြို့​နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေး​ဌာနက ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်​ ထုတ်ပြန်​ကြေညာလိုက်တာပါ။

ဇွန်လ ၈ ရက်​နေ့​ မွန်း​လွဲပိုင်း​က ​မောင်​တောမြို့​ ရပ်ကွက်​တွေမှာ လူတစုရဲ့​ အကြမ်း​ဖက်မှု​ကြောင့်​ အသက် ၆၅ နှစ်အရွယ် အမျိုး​သား​တဦး​ ဦး​ခေါင်း​မှာ ဓား​ခုတ် ဒဏ်ရာနဲ့​ ​သေဆုံး​ပြီး​ ဆရာဝန်တဦး​နဲ့​ အမျိုး​သမီး​တဦး​ အပါအဝင် ၄ ဦး​ ဒဏ်ရာရသွား​တယ်လို့​ ဒီ​နေ့​ထုတ် နိုင်ငံပိုင် သတင်း​စာ​တွေမှာ ​ဖော်ပြတယ်။

ဒါ့​ပြင် လူအင်အား​ ၁၀၀၀ ​လောက်ရှိတဲ့​ လူစုဟာ ​မောင်​တောမြို့​မှာရှိတဲ့​ က​မ္ဘောဇဘဏ်ရဲ့​ အဖီအမိုး​ကို ဖျက်ဆီး​ခဲ့​ပြီး​ သဇင်တည်း​ခိုခန်း​ စား​သောက်ဆိုင် ​ဈေး​တန်း​ကိုမီး​ရှို့​ခြင်း​၊​ ရပ်ကွက် ၄ နဲ့​ မြို့​ဦး​ရပ်ကွက်က လူ​နေအိမ်​တွေကို မီး​ရှို့​ခြင်း​နဲ့​ ခ​ရေမြိုင်​ကျေး​ရွာကို မီး​ရှို့​ခြင်း​တွေ ပြုလုပ်ခဲ့​တယ်လို့​လည်း​ သတင်း​ကဆိုပါတယ်။

ည​နေပိုင်း​မှာ​တော့​ လူ ၂၀ ​လောက်ဟာ ​မောင်​တောပြည်သူ့​ဆေး​ရုံကြီး​ကို ဝင်​ရောက်​နှောင့်​ယှက်ခဲ့​တဲ့​အတွက် ကျန်း​မာ​ရေး​ဝန်ထမ်း​တွေ ထွက်​ပြေး​ပုန်း​ရှောင် ​နေခဲ့​ရတယ်လို့​လည်း​ ​ဖော်ပြထား​ပါတယ်။

ဒီအ​ခြေအ​နေကို ထိန်း​သိမ်း​ဖို့​ ရဲတပ်ဖွဲ့​က ​သေနတ်ပစ်​ဖောက်​ခြောက်လှန့်​ခဲ့​ရပြီး​ ညပိုင်း​မှာ လူ ၅ ဦး​ထက် ပိုစု​ဝေး​ခြင်း​မပြုဖို့​နဲ့​ ည ၈ နာရီမှ နံနက် ၆ နာရီ အပြင် မထွက်ဖို့​ အမိန့်​ထုတ်ပြန်ခဲ့​ပါတယ်။ ​မောင်​တောမြို့​နည်း​တူ ဘူး​သီး​တောင်မြို့​နယ်မှာလည်း​ ညမထွက်ရအမိန့်​ထုတ်ပြန်ထား​ပြီး​ ​နောက်ထပ် အမိန့်​ထုတ်ပြန်ခြင်း​ မပြုလုပ်သည်အထိ ဒီအမိန့်​အတည်ဖြစ်တယ်လို့​ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​ရဲ့​အမိန့်​ကြေညာချက်မှာ ​ဖော်ပြထား​ပါတယ်။

မောင်​တောမြို့​ခံ​တွေက​တော့​ ဇွန် ၈ ရက်​နေ့​က ဖြစ်ပွား​ခဲ့​တဲ့​ အကြမ်း​ဖက်မှု​တွေဟာ ပြီး​ခဲ့​တဲ့​သီတင်း​ပတ်အတွင်း​က ​တောင်ကုတ်မြိုမှာ ဖြစ်ပျက်ခဲ့​တဲ့​ သတ်ဖြတ်မှုအ​ပေါ် မ​ကျေနပ်တဲ့​သူ​တွေက ပြုလုပ်ခဲ့​တာလို့​ ​ပြောပါတယ်။

အလား​တူ စစ်​တွေမြို့​မှာလည်း​ ဇွန် ၈ ရက်​နေ့​ ​နေ့​ခင်း​ပိုင်း​က အသုဘပို့​ဆောင်တဲ့​ ယာဉ်တန်း​ကို ရာချီတဲ့​ အစ္စလာမ်ဘာသာဝင်​တွေက ခဲနဲ့​ပစ်​ပေါက် တိုက်ခိုက်မှု​ကြောင့်​ လူငါး​ဦး​ထက်မနည်း​ ဒဏ်ရာရရှိခဲ့​တယ်လို့​ စစ်​တွေမြိုခံတဦး​က ​ပြောပါတယ်။

အစိုး​ရက ရခိုင်ပြည်နယ် ရမ်း​ဗြဲနဲ့​တောင်ကုတ်မှာဖြစ်ပွား​ခဲ့​တဲ့​ သတ်ဖြတ်မှု​တွေ အ​ပေါ် စုံစမ်း​ဖော်ထုတ်​ရေး​အဖွဲ့​ဖွဲ့​ပြီး​ ​ဖော်ထုတ်ဖို့​ တာဝန်​ပေး​လိုက်ပြီး​ ၂ ရက်အကြာမှာ ခုလို ​မောင်​တောမှာ အကြမ်း​ဖက်မှု​တွေ ထပ်မံဖြစ်ပွား​ခဲ့​တာပါ။

ရမ်း​ဗြဲမြို့​နယ် ​ကျောက်နီ​မော်​ကျေး​ရွာက အမျိုး​သမီး​တဦး​ကို အဓမ္မပြုကျင့်​ သတ်ဖြတ်လုယက်မှု​တွေနဲ့​ စွပ်စွဲခံထား​ရသူ ၃ ဦး​ကို​တော့​ ​ကျောက်ဖြူ ခရိုင်တရား​ရုံး​မှာ ဇွန် ၈ ရက်​နေ့​က အမှု စတင်စစ်​ဆေး​ခဲ့​ပါတယ်။

ဒီ​နေ့​တော့​ ​မောင်​တောနဲ့​ဘူး​သီး​တောင်မြို့​တွေမှာ အ​ခြေအ​နေ ပုံမှန်အတိုင်း​ ပြန်ဖြစ်​နေပြီ ဖြစ်တဲ့​အ​ကြောင်း​နဲ့​ ​မောင်​တောမြို့​က အသက်အိုး​အိမ် စည်း​စိမ် ပျက်စီး​ဆုံး​ရှုံး​ခဲ့​ရသူ​တွေကို အနီး​ကပ်ကူညီ​စောင့်​ရှောက်​ပေး​ဖို့​ တည်ငြိမ်​ရေး​၊​ ကယ်ဆယ်​ရေး​နဲ့​ပြန်လည်ထူ​ထောင်​ရေး​ဆိုင်ရာ ကြီး​ကြပ်​ရေး​အဖွဲ့​ကို ဖွဲ့​စည်း​ တာဝန် ​ပေး​လိုက်​ကြောင်း​ သမ္မတရုံး​ ဝက်ဆိုက်မှာ ​ဖော်ပြထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013