Home
မြန်မာသတင်း
သမ္မတ၊ ဒုသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် ကာချုပ်တို့၏ နှစ်ကူးနှုတ်ခွန်းဆက်စကား ထုတ်လွှင့်မည်
DVB
·
April 16, 2018
နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတတွေေ၊ လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ရဲ့  မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွေကို မြန်မာ့ရုပ်မြင်သံကြားနဲ့ မြန်မာ့အသံရေဒီယိုတို့က ထုတ်လွှင့်မယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့ မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့  မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားကို မြန်မာ့ ရုပ်မြင်သံကြားကနေ ဧပြီ ၁၇ ရက် မနက် ၈ နာရီ၊ မွန်းတည့် ၁၂ နာရီ၊ ညနေ ၄ နာရီ၊ ည ၈ နာရီ သတင်းများအပြီးနဲ့၊ ဧပြီ ၁၈ ရက် နံနက် ၈ နာရီ သတင်း အပြီးတို့မှာ  ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ အလားတူ မြန်မာ့အသံရေဒီယိုကလည်း ဧပြီ ၁၇ ရက် မနက် ၈ နာရီ၊ မနက် ၁၁ နာရီ၊ ညနေ ၄ နာရီခွဲ၊ ည ၈ နာရီ သတင်းများ အပြီးနဲ့  ဧပြီ ၁၈ ရက် မနက် ၈ နာရီ သတင်းအပြီးတို့မှာ သမ္မတရဲ့ နှုတ်ခွန်းဆက်စကားကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ အလားတူ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တို့ရဲ့  မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများကို မြန်မာ့ရုပ်မြင်သံကြားက ဧပြီ ၁၇ ရက် မနက် ၈ နာရီ၊ ညနေ ၄ နာရီ၊ ည ၈ နာရီ သတင်းများအပြီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့  မြန်မာနှစ်သစ်ကူး နှုတ်ခွန်း ဆက် စကားများကို ဧပြီ ၁၇ ရက် မွန်းတည့် ၁၂ နာရီ၊ ညနေ ၄ နာရီ၊ ည ၈ နာရီ သတင်းများအပြီးတို့မှာ ထုတ်လွှင့် သွားမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024