Saturday, June 10, 2023
HomeLead Storyလူမည်း ၂ ဦးအား ဖမ်းဆီးခဲ့မှု Starbucks ကော်ဖီဆိုင်ကို ဆန္ဒပြ

လူမည်း ၂ ဦးအား ဖမ်းဆီးခဲ့မှု Starbucks ကော်ဖီဆိုင်ကို ဆန္ဒပြ

အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲလ်ဖီးယားမြို့က လူမည်းနှစ်ဦးကို ဖမ်းဆီးခဲ့တဲ့ စတား ဘက်ခ် (Starbucks) ကော်ဖီဆိုင်မှာ ဧပြီ ၁၅ ရက်နေ့က ဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြသူတွေက ဆိုင်မန်နေဂျာကို အလုပ်ထုတ်ဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

လူမည်း ၂ နှစ်ဦးဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ကော်ဖီဆိုင်မှာ ပိုက်နက်ကျူးလွန်မှုနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

အဖမ်းခံရသူ ၂ ဦးက အစားအသောက် မမှာခင် သူငယ်ချင်းတစ်ယောက်ကို စောင့်နေခဲ့ တာလို့ ပြောပါတယ်။

လူမည်း ၂ ဦးကို ဖမ်းဆီးခံခဲ့ရပြီးနောက် လူမျိုးရေးခွဲခြားတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

Starbucks ကုမ္ပဏီ အမှုဆောင်အရာ ရှိချုပ် ကီဗင် ဂျွန်ဆင်က အခုလိုဖမ်းဆီးခံမှုအတွက် ဧပြီ ၁၄ ရက်နေ့က တောင်းပန်ခဲ့ပြီး ဖြစ်ရပ်မှန်ကို စုံစမ်းစစ်ဆေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ဖီလာဒဲလ်ဖီးယားရဲ ဌာနကတော့ ဆိုင်ဝန်ထမ်းတွေက ပိုက်နက်ကျူးလွန်တယ်လို့ အကြောင်းကြားတဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဖြေရှင်းချက်ပေးခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular