Home
မြန်မာသတင်း
တမူးသင်္ကြန် အိန္ဒိယမှ ကသဲလူမျိုးစုများ လာရောက်ဆင်နွှဲ
DVB
·
April 16, 2018
30738863_226169967935645_6120865920547028992_n
30726795_226170267935615_8687203132964339712_n
30710602_226169914602317_4783619804168716288_n
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့မှာ ကျင်းပနေတဲ့ သင်္ကြန်ပွဲတော်ကို အိန္ဒိယနိုင်ငံ အင်ဖာမြို့မှ ကသဲလူမျိုးစုတွေ လာရောက်လည်ပတ် ရေကစားခဲ့ကြတာကြောင့် အရင်နှစ်တွေထက် ပိုမိုစည်ကားနေတယ်လို့ သိရပါတယ်။ အင်ဖာကနေလာတဲ့ သူတွေကတော့ တမူးတဖက်ကမ်း မိုးလေးမှာ ညအိပ်ပြီး မနက် ၇ နာရီလောက်ထဲက ရောက်နေကြပါတယ်။ သင်္ကြန်ကာလအတွင်းမှာ တရားဝင်နယ်စပ်ဂိတ်ကတော့ လူ ၄၀၀ နီးပါးအ၀င်ရှိခဲ့ပြီး ညနေ ဂိတ်ပိတ်ချိန် ၅ နာရီမှာ အိန္ဒိယဘက်ကို ပြန်ကြတာတွေ့ရပါတယ်။ ဒါပေမယ့် ကုန်တွင်းပိုင်းမှာလည်း နယ်စပ်က တဆက်တည်း ဖြစ်နေတာကြောင့် ရွာတွေဘက်က နားလည်မှုနဲ့ ၀င်ရောက်ရေကစားကြတဲ့ အိန္ဒိယနိုင်ငံသားတွေ ထောင်နဲ့ချီပြီး ရှိနေတယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဇော်မင်းကပြောပါတယ်။ “မြန်​မာ နှစ်​သစ်​ကို ကျနော်တို့ အလွန်ပျော်ပါတယ်။ တချို့ဆို အလုပ်အကိုင်းတွေ တွေနားပြီးကို လာခဲ့ကြတာပါ။ မြန်မာသင်္ကြန်ကို အခုလို နှစ်တိုင်းလာပြီး ပျော်ချင်ပါတယ်” လို့ အင်ဖာမှ လာလည်သူတဦးက ပြောပါတယ်။ တမူးမြို့မှာတော့ သင်္ကြန် ပွဲတော်ကို ဗဟိုမဏ္ဍပ်မှာ အထူးစည်ကားစွာကျင်းပနေပြီး မဏ္ဍပ်တိုင်းလည်း စည်ကားနေပါတယ်။ သတင်းနှင့်ဓာတ်ပုံ ဂေါင်ဂေါင် (တမူး)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024