DVB Logo
Home
မြန်မာသတင်း
စက်ရုံအလုပ်သမား ဆန္ဒပြမှု မန္တလေးကို ကူးစက်
DVB
·
June 8, 2012
စက်ရုံအလုပ်သမား ဆန္ဒပြမှု မန္တလေးကို ကူးစက်
1 / 4
Donate to DVB

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်မှာရှိတဲ့ ချည်မျှင်နဲ့သိုးမွေးစက်ရုံတခုက အလုပ်သမားတွေဟာ လုပ်ခလစာ တိုးပေးရေး အပါအ၀င် နစ်နာချက်တွေကို အလုပ်မဆင်းဘဲ တောင်းဆို ဆန္ဒပြနေကြပါတယ်။

ရတနာပုံတက္ကသိုလ်လမ်းနံဘေးမှာ တည်ထားတဲ့ နယူးစတုန်းကုမ္ပဏီပိုင် အောင်စိန်ချည်မျှင်နဲ့ သိုးမွေးစက်ရုံက အလုပ်သမားတွေ အလုပ်မဆင်းဘဲ အချက် ၆ ချက် တောင်းဆိုဆန္ဒပြနေတာလို့  အဲဒီ စက်ရုံရှေ့ကို ရောက်ရှိနေသူ မျက်မြင် တဦးက ပြောပါတယ်။

[caption id="attachment_26499" align="alignleft" width="300" caption="ဓာတ်ပုံ- ဒီဗွီဘီ"][/caption]

သူတို့တောင်းဆိုချက်တွေမှာ အလုပ်သမားတွေ အခြေခံလစာတိုးမြင့်ဖို့၊ အလုပ်ချိန်ကို ၁ ရက် ၈ နာရီ သတ်မှတ်ပေးဖို့။ မတရားဒဏ်ကြေးကောက်ခံမှုတွေကို ပယ်ဖျက်ပေးဖို့၊ လုပ်ငန်းခွင်ထိခိုက် နစ်နာမှုတွေနဲ့ ကျန်းမာရေးကိစ္စအ၀၀ကို တာဝန်ယူပေးဖို့ လုပ်ငန်းခွင်လုံခြုံမှုအတွက် လုံလောက်တဲ့ အကာအကွယ်ပစ္စည်း ထုတ်ပေးဖို့၊ နိုင်ထက်စီးနင်း အတင်းအဓမ္မခိုင်းစေတာကို ထိရောက်စွာ အရေးယူပေးဖို့၊ နိုင်ငံတော်က တရားဝင်သတ်မှတ်ထားတဲ့ ရုံးပိတ်ရက်အတိုင်း ပိတ်ရက်သတ်မှတ်ပေးဖို့ စတဲ့ အချက်တွေကို တောင်းဆိုကြပါတယ်။

အလုပ်သမား ၉၀၀ ခန့်ရှိတဲ့ အဲဒီစက်ရုံမှာ အမျိုးသမီးဦးရေက ၇၀၀ ခန့်ရှိပြီး အဆိုင်း ၃ ဆိုင်း ခွဲထားတယ်လို့ ဆိုပါတယ်။

နေ့ခင်း ၁၂ နာရီလောက်မှာတော့  အလုပ်သမားခေါင်းဆောင် ၁၀ ဦးကို အလုပ်ရှင်က ခေါ်ယူ ညှိနှိုင်းဆွေးနွေးနေတယ်လို့ အဲဒီစက်ရုံရှေ့ကို ရောက်ရှိနေပြီး အလုပ်သမားတွေကို ထမင်းသွားကျွေးမွေးတဲ့ မျက်မြင် တဦးက ပြောပါတယ်။

ရန်ကုန်မြို့ စက်မှုဇုန်တွေထဲက အထည်ချုပ်၊ ဖိနပ်နဲ့ ဦးထုပ်စက်ရုံတွေက အလုပ်သမားတွေရဲ့ လုပ်ခလစာ တိုးမြင့်ရရှိရေး ဆန္ဒပြပွဲတွေကို အလုပ်သမားဝန်ကြီးဌာနက ၀န်ကြီးတွေကိုယ်တိုင် ဦးဆောင် ကိုင်တွယ် ဖြေရှင်းပေးနေပြီး အောင်မြင်မှုတချို့ရနေချိန်မှာ မန္တလေးမြို့ကို အလုပ်သမား ဆန္ဒပြပွဲ ကူးစက်လာတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013