DVB Logo
Home
မြန်မာသတင်း
ကေအန်ပီပီကို လူထုထောင်ချီကြိုဆို
DVB
·
June 8, 2012
Donate to DVB

အစိုးနဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဇွန် ၇ ရက် ညနေပိုင်းမှာ ကယားပြည်နယ် လွိုင်ကော်မြို့ကို ရောက်ရှိနေတဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ) ကို ပြည်သူတွေ ထောင်ချီကြိုဆိုခဲ့ကြပါတယ်။

သူတို့သွားရာလမ်းတလျှောက်မှာ ထောင်ပေါင်းများစွာသော ပြည်သူတွေက ကြိုဆိုဂုဏ်ပြုကြသလို လွိုင်ကော်မြို့မှာလည်း အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့တွေနဲ့ ပြည်သူထောင်ချီ ကြိုဆိုခဲ့ကြတယ် လို့ ကေအန်ပီပီရဲ့ ပြောခွင့်ရသူ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

လွိုင်ကော်မြို့ရဲ့ အစိုးရဧည့်ရိပ်သာမှာ တည်းခိုကြပြီး ဒီနေ့ည ၇ နာရီမှာ တိုင်းမှူးတွေ၊ ကယားပြည်နယ် ၀န်ကြီးတွေနဲ့အတူ ဂုဏ်ပြုညစာ စားပွဲရှိပါတယ်။

ဇွန် ၉ ရက်နေ့ မနက် ၉ နာရီလောက် တပ်နယ်ဟောခန်းမမှာ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

တပ်ပိုင်းဆိုင်ရာ အထူးကိစ္စတွေ၊ လူအခွင့်အရေးကိစ္စတွေနဲ့ ပြည်နယ်အဆင့်ဆွေးနွေးစဉ် ကာလက တောင်းဆိုထားတဲ့အချက် ၂၀ အပေါ် အဓိကထား ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

“အရင်က ဆွေးနွေးပွဲမှာ အချက် ၂၀ကို တင်ပြထားတယ်။ ဒါပေမယ့် အစိုးရဘက်က အချက် ၂၀ နဲ့ ပတ်သက်ပြီး တိတိကျကျ ပြန်လည်အဖြေပေးတာ မရှိသေးတော့ ဒီ အချက် ၂၀ကိုပဲ ပြန်လည်သေချာဆွေးနွေးမှာ ဖြစ်တယ်။ နောက် တပ်ပိုင်းနဲ့ဆိုင်တဲ့ အထူးကိစ္စတွေ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ ဒီအရင်လတုန်းက လူထုစည်းရုံးရေး ခရီးစဉ်မှာ လူထုတင်ပြထားတဲ့ တချို့ အရေးကြီးတဲ့အချက်တွေ တင်ပြ ဆွေးနွေးသွားမယ်။နောက် အပစ်အခတ်ရပ်စဲရေးမှသည် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ခိုင်မာအောင် တည်ဆောက်နိုင်မယ့် အကြောင်းအချက်အလက်တွေ ဆွေးနွေးသွားမယ်။”

ဒီဆွေးနွေးချက် ရလဒ်အပေါ်မှာမူတည်ပြီး ကေအန်ပီပီ ဆက်ဆံရေးရုံး ဖွင့်ရေး မဖွင့်ရေး ဆုံးဖြတ်သွားမယ်လို့ ပြောပါတယ်။

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ) ဟာ ပြီးခဲ့တဲ့ မတ် ၆ ရက်နေ့တုန်းက ပြည်နယ် အဆင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ရာမှာ အပစ်အခတ်ရပ်စဲရေး၊ ဆက်ဆံရေးရုံး ဖွင့်လှစ်ရေး နဲ့ နောက်တကြိမ် ဆက်လက်ဆွေးနွေးရေး စတဲ့အချက် ၃ ချက်ကို ပဏာမ သဘောတူ လက်မှတ် ရေးထိုးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013