DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် သရုပ်ပျက်အဝတ်အစား ဝတ်သူများထံမှ ပစ္စည်းများ ရဲတပ်ဖွဲ့ သိမ်းဆည်း
DVB
·
April 15, 2018
မန္တလေးတွင် သရုပ်ပျက်အဝတ်အစား ဝတ်သူများထံမှ ပစ္စည်းများ ရဲတပ်ဖွဲ့ သိမ်းဆည်း
1 / 7
Donate to DVB

မန္တလေးသင်္ကြန်မှာ သရုပ်ပျက်အဝတ်အစားတွေ ဝတ်ဆင်တဲ့ သင်္ကြန်လည်ပတ်သူတွေကို ရဲတပ်ဖွဲ့က စစ်ဆေးပြီး ပစ္စည်းတွေ သိမ်းယူခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မနေ့က သင်္ကြန်အကျနေ့၊ နေ့လယ် ၁၂ ခွဲအချိန်မှာ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော် ရပ်ကွက်၊ ၁၂ လမ်း၊ ၆၉ လမ်းနဲ့ လမ်း ၇၀ ကြားမှာ ကျုံးမြောက်ဘက်ခြမ်းကွပ်ကဲမှု ပူးပေါင်းအဖွဲ့က ပြောက်ကျားစတစ်ကာ ကပ်ထားတဲ့ ဂျစ်ကား ၃ စီးကို စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

ဒီကားတွေမှာ အမျိုးသား ၁၅ ယောက် စီးနင်းလိုက်ပါလာပြီး သရုပ်ပျက်ပစ္စည်း၊ အဝတ်အစားတွေ ဝတ်ဆင်ထားတယ်လို့လည်း ဆိုပါတယ်။

လူမှုကွန်ရက်မှာ တက်လာတဲ့ ပုံတွေအရ သူတို့ဟာ ဓာတ်ငွေ့ကာမျက်နှာဖုံးလို အရာတွေ ဝတ်ဆင်ပြီး မြန်မာနိုင်ငံအလံပုံကို လက်မောင်းတွေမှာ တပ်ဆင်ထားတာကို တွေ့ရပါတယ်။

ရဲတပ်ဖွဲ့က ဒီပစ္စည်းတွေကို သိမ်းဆည်းလိုက်သလို နောက်နောင် မဖြစ်ပွားအောင် ဆုံးမစကားပြောပြီး သူတို့ရဲ့ နေရပ်တွေကို ပို့ပေးလိုက်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013