ရန်ကုန်မြို့တွင် အင်အား ၄.၃ အဆင့်ရှိ ငလျင်လှုပ်ခတ်
DVB
·
April 15, 2018
ဒီနေ့မနက်အစောပိုင်းက ရန်ကုန်မြို့မှာ မြေငလျင်တခု လှုပ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မနက် ၄ နာရီ ၅၈ မိနစ်က ကမ္ဘာအေးမြေငလျင်စခန်းရဲ့ အနောက်ဘက် ၁၉ မိုင်လောက်အကွာ (တွံတေး၊ ထန်းတပင်၊ ညောင်တုန်းနဲ့ မအူပင်မြို့တွေရဲ့ကြားအလယ်) ကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၄ ဒသမ ၃ အဆင့်၊ အင်အားနည်းနည်းရှိတဲ့ ငလျင်တခု လှုပ်ခတ်သွားပါတယ်။
ငလျင်ရဲ့ လှုပ်ရှားမှုကို ရန်ကုန်မှာရှိတဲ့သူတွေ သိသိသာသာခံစားခဲ့ရပါတယ်။