မြောင်းမြကြိုးတံတား ပြတ်ကျခဲ့၍ သွားလာရေးခက်ခဲနေမှု တပ်မတော်ရေယာဉ် ကူညီ
DVB
·
April 14, 2018
မြောင်းမြကြိုးတံတား ပြတ်ကျခဲ့ပြီးနောက် သွားလာရေးခက်ခဲနေလို့ တပ်မတော်ရေက ကမ်းထိုးရေယာဉ်တွေ စေလွှတ်ပြီး ကူညီပို့ဆောင်ပေးနေတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ဧပြီလ ၁ ရက်နေ့က မြောင်းမြကြိုးတံတား ပြုတ်ကျသွားခဲ့ပြီး လပွတ္တာ - ရန်ကုန် ၊ မြောင်းမြ - ရန်ကုန်၊ မြောင်းမြ - ပုသိမ် သွားလာရေးခက်ခဲနေတာပါ။
ပြီးတော့ ကြိုးတံတား ပြန်လည်ဆယ်တင်တဲ့ လုပ်ငန်းတွေမှာ ကူညီနိုင်ဖို့ တပ်မတော် ရေ က ရေငုပ်တပ်ဖွဲ့နဲ့ တိုင်းတာရေးတပ်ဖွဲ့တွေကို စေလွှတ်ပြီး တိုင်းအစိုးရအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။