DVB Logo
Home
မြန်မာသတင်း
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ငြိမ်းချမ်းရေးခရီး ထွက်ခွာ
DVB
·
June 7, 2012
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ငြိမ်းချမ်းရေးခရီး ထွက်ခွာ
Donate to DVB

အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ) ဟာ ဒီနေ့ နယ်စပ်ကနေ ကယားပြည်နယ်ကို စတင်ထွက်ခွာသွားပါတယ်။

ဒီခရီးစဉ်မှာ ကေအန်ပီပီအတွင်းရေးမှူး ၁  ခူးဦးရယ် ခေါင်းဆောင်ပြီး ကေအန်ပီပီဘက်က ကိုယ်စားလှယ် ၁၅ ဦးနဲ့ လေ့လာသူ ၅ ဦး စုစုပေါင်း အယောက် ၂၀ သွားပါတယ်။

[caption id="attachment_22268" align="alignleft" width="300" caption="မတ်လ ၇ရက်နေ့က ကေအန်ပီပီနှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ လက်မှတ် ရေးထိုးခဲ့​စဉ်က"][/caption]

လာမယ့်ဇွန် ၉ ရက်နေ့မှာ ကယားပြည်နယ် မြို့တော် လွိုင်ကော်မြို့မှာ ပဲ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးေ ဖ်ာဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ နဲ့ ဆွေးနွေး မှာ ဖြစ်ပါတယ်။

ကေအန်ပီပီဟာ ပြီးခဲ့တဲ့ မတ် ၆ ရက်နေ့တုန်း က ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ အပစ်အခတ်ရပ်စဲရေး၊ ဆက်ဆံရေးရုံး ဖွင့်လှစ်ရေးနဲ့ နောက်တကြိမ် ဆက်လက်ဆွေးနွေးရေး စတဲ့အချက် ၃ ချက်ကို ပဏာမ သဘောတူလက်မှတ် ရေးထိုးခဲ့ပါတယ်။

ကေအန်ပီပီဘက်က အချက် ၂၀ ကို တောင်းဆိုထားပြီး ဒီအချက် ၂၀ ကို လာမယ့် ၉ ရက်နေ့ ပြည်ထောင်စုအဆင့် ဆွေးနွေးတဲ့အခါ ဆွေးနွေးသွားမယ်လို့ ကေအန်ပီပီ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ကေအန်ပီပီဘက်က တောင်းဆိုထဲအချက် ၂၀ ထဲမှာတော့ အပစ်အခတ်ရပ်စဲပြီး ကေအန်ပီပီ ကို မတရားအသင်းအဖွဲ့အဖြစ် ထုတ်ပြန်ထားရာကနေ ၁၅ ရက်အတွင်း ရုပ်သိမ်းကြောင်း ကြေညာပေးဖို့၊ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးပြီး နောက် ၆ လအတွင်း တပြည်လုံး အသွင်ဆောင်တဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု အမြန်ဆုံး အကောင်အထည်ဖော်ဖို့ စတင်နိုင်ရမယ် ဆိုတဲ့ အချက်တွေကို တောင်းဆိုထားပါတယ်။

ဒါ့အပြင် ကရင်နီပြည်နယ်အတွင်း အကောင်အထည်ဖော်နေတဲ့ စီမံကိန်းနဲ့ ပြုပြင်မွမ်းမံမှုတွေကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု မပြီးပြတ်သေးတဲ့ ကာလအတွင်း ရပ်ဆိုင်းထားဖို့၊ လက်ရှိ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ နိုင်ငံတကာအဖွဲ့တွေကို ဆက်လက် လုပ်ဆောင်ခွင့်ပေးဖို့ အပါအ၀င် အချက် ၂၀ ကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ၉ ရက်နေ့မှာ ဒီအချက်တွေကို ဆွေးနွေးလို့ အဆင်ပြေရင် ဆက်ဆံရေးရုံး ဖွင့်လှစ်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီဟာ အစိုးရကို နှစ် ၆၀ ကျော် လက်နက်ကိုင် တော်လှန်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013