Home
မြန်မာသတင်း
ပြည်နယ်နှင့်တိုင်း ၇ ခုတွင် ပျမ်းမျှအပူချိန်ထက် ပိုတိုးနေ
DVB
·
April 14, 2018
ပြည်နယ်နဲ့တိုင်း ၇ ခုမှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်ထက် ပိုနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်း၊ ကယား၊ ကရင်နှင့် မွန်ပြည်နယ်တို့မှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်တွေထက် ၃ ဒီဂရီစင်တီဂရိတ်၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့မှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်တွေထက် ၂ ဒီဂရီစင်တီဂရိတ် ပိုခဲ့တယ်လို့ ဆိုပါတယ်။ တခြား ပြည်နယ်နဲ့ တိုင်းတွေမှာတော့ ပျမ်းမျှ အပူချိန်လောက်ပဲ ရှိပြီး ထူးခြားတဲ့ နေ့အပူချိန်တွေကတော့ ချောက်မြို့မှာ ၄၄ ဒီဂရီစင်တီဂရိတ်၊ ဘော်လခဲမြို့မှာ ၄၂ ဒီဂရီစင်တီဂရိတ်နဲ့ မုံရွာမြို့၊ ကြေးမုံမြို့၊ မြင်းခြံမြို့နဲ့ ပေါက်မြို့တို့မှာ ၄၁ ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းက စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါတယ်။ မိုးရေချိန်တွေအနေနဲ့ မုံရွာမြို့မှာ ၀ ဒသမ ၄၇ လက်မ၊ လားရှိုးမြို့မှာ ၀ ဒသမ ၃၁ လက်မ၊ ကြေးမုံမြို့မှာ ၀ ဒသမ ၂၈ လက်မနဲ့ မိုးကုတ်မြို့မှာ ၀ ဒသမ ၀၈ လက်မတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024