Home
မြန်မာသတင်း
အရေခွံခွာပြီး ၃ ပိုင်း ပိုင်းထားသည့် တောဆင်ရိုင်းတကောင် တွေ့ရှိ
DVB
·
April 14, 2018
လှည်းကူးမြို့နယ်မှာ အရေခွံခွာပြီး ခန္ဓာကိုယ်ကို ၃ ပိုင်း ပိုင်းထားတဲ့ တောဆင်ရိုင်းတကောင်ကိုတွေ့ရှိရလို့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ဧပြီလ ၁၂ ရက်နေ့ မနက်ပိုင်းက လှည်းကူးမြို့နယ် ကလီထော်ကြိုးဝိုင်း၊ သစ်ငုတ်တိုမြောင်ထဲမှာ တောဆင်ရိုင်း တကောင်သေဆုံးနေတယ်သတင်းရလို့ လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနက တောအုပ်ကြီး ဦးအောင်လွင်၊ ခမရ (၇၀၉) (ဖောင်ကြီး)က တပ်မတော်သားတွေနဲ့ ဖောင်ကြီးနယ်မြေရဲခစန်းက တပ်ဖွဲ့ဝင်တွေ သွားရောက် စစ်ဆေးခဲ့ပါတယ်။ သေဆုံးနေတဲ့ ဆင်ဟာ အလျား ၁၁ ပေ၊ အမြင့် ၈ ပေ၊ လုံးပတ် ၁၃ ပေလောက်ရှိပြီး အသက် ၃၅ နှစ်လောက်ရှိတဲ့ ဆင်ထီးဖြစ်ပါတယ်။ ဆင်ကို အရေခွံခွာ၊ အစွယ်ဖြတ်ယူပြီး ခန္ဓာကိုယ်ကို ၃ ပိုင်း ပိုင်းထားတာကို တွေ့ရပြီး အဲဒီနေရာမှာပဲ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြို့နယ်သစ်တောဦးစီးဌာနက လာရောက်တိုင်တန်းမယ်ဆိုရင် ဖောင်ကြီးနယ်မြေရဲခစန်းက အမှုဖွင့်ဆောင်ရွက်သွားမယ်လို့ ပြည်ထဲရေး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024