Home
မြန်မာသတင်း
မြိတ်သင်္ကြန်အကြိုနေ့ ရေပက်ခံထွက်သူများဖြင့် စည်ကား
DVB
·
April 13, 2018
ဒီကနေ့ ကျရောက်တဲ့ မြန်မာ့နှစ်သစ်ကူ သင်္ကြန်အကြိုနေ့မှာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့အတွင်း ရေပက်ခံထွက်သူတွေ၊ ရေကစားကြသူတွေနဲ့ စည်းကားနေပါတယ်။ မြိတ်မြို့မှာ မြန်မာ့နှစ်သစ်ကူး အခါသမယမှာ ဒီကနေ့ သင်္ကြန်အကြိုနေ့ ဖြစ်ပေမယ့် မြို့ခံတွေအများစုက ရေခံထွက်တဲ့ ကားတွေ၊ ဆိုင်ကယ်တွေ၊ အခြားယောဉ်တွေနဲ့ မဏ္ဍပ်တွေကို ရေပက်ခံထွက်သူတွေ များပြားနေပါတယ်။ ဒီနှစ်ကတော့ ထူးထူးခြားခြား ပိုပြီး ပျော်စရာကောင်းနိုင်တယ်လို့ ရေပက်ခံထွက်သူတွေက ပြောကြားပါတယ်။ မြိတ်မြို့နယ်မှာ သင်္ကြန်ကာလတွင် မြိတ်ကမ်းနားလမ်း၊ ကန်ဖျားမြေနီလမ်း၊ ဦးမြတ်လေးပန်းခြံရှိ မြိတ်ခရိုင် ဗဟိုရ်မဏ္ဍပ်၊ ရှမ်းချောင်းလမ်းမကြီး၊ ထားဝယ်စုရပ်ကွက်နဲ့ မြိတ်တောင်နယ်မြေ စတဲ့ ရပ်ကွက်တွေမှာ ရေကစားသူတွေ အများဆုံးဖြစ်ပြီး၊ စည်းကားဆုံး နေရာတွေလည်း ဖြစ်ပါတယ်။ အခုနှစ် မြိတ်မြို့သင်္ကြန်မှာ ဌာနဆိုင်ရာ မဏ္ဍပ်တွေနဲ့ အခကြေးငွေပေး မဏ္ဍပ် စုပေါင်း ၁၀ ကျော်နဲ့ မိသားစု ရေကစား မဏ္ဍပ်အသေးတွေ ရာနဲ့ချီ ရှိကြောင်း သိရပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ဇော်ဇော် (မြိတ်)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024