မြောက်ကိုရီးယားအရေး ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေး

epa06660721 South Korean Foreign Minister Kang Kyung-wha (R) and her visiting Japanese counterpart Taro Kono (L) shake hands prior to their talks at the Foreign Ministry headquarters in Seoul, South Korea, 11 April 2018. EPA-EFE/YONHAP SOUTH KOREA OUT
တောင်ကိုရီးယားနဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြောက်ကိုရီးယား အရေးအတွက် ဧပြီ ၁၁ ရက်နေ့က ဆိုးလ်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ မြောက်ကိုရီးယား နျူကလီးယားနဲ့ ပဲ့ထိန်းဒုံး အစီအစဉ်အတွက် တောင်၊ မြောက်ကိုရီးယား နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမယ့် ဧပြီ ၂၇ ရက်နေ့ အစည်းအဝေးပွဲ မတိုင်ခင် ပူးပေါင်းဆောင်ရွက်မှု မူဝါဒပိုင်းကို ညှိနှိုင်းဆွေးနွေးကြဖို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ခန်ကျုံဝါးနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာယိုကိုနိုတို့ တွေ့ဆုံခဲ့ကြတာပါ။ ခုလိုတွေ့ဆုံခဲ့ရာမှာ “မြောက်ကိုရီးယားရဲ့ နျူကလီးယား ဖျက်သိမ်းရေး၊ ငြိမ်းချမ်းရေးနဲ့ အရှေ့အာရှမြောက်ပိုင်း အကျိုးစီးပွားအတွက် အောင်မြင်မှုတွေရရှိဖို့ တောင်ကိုရီးယားနဲ့ ကျနော်တို့ အထူးတလည် ပူးပေါင်းဆောင်ရွက်ချင်ပါတယ်” လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာယိုကိုနိုက ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ခန်ကျုံဝါးက “မကြာခင် တောင်၊ မြောက်ကိုရီးယား ၂ နိုင်ငံ တွေ့ဆုံတော့မှာဖြစ်သလို အမေရိကန်နဲ့ မြောက်ကိုရီးယား တွေ့ဆုံဖို့လည်း စီစဉ်ထားပါတယ်။ ဒါက မြောက်ကိုရီးယားရဲ့ နျူကလီးယား ဖျက်သိမ်းရေးအတွက် အဓိကကျတဲ့ အခန်းကဏ္ဍတခုပါ။ မြောက်ကိုရီးယားအရေးကို ငြိမ်းချမ်းစွာဖြေရှင်းပြီး ကျေန်ာတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ လာမယ့် မေလ ဒါမှမဟုတ် ဇွန်လဆန်းပိုင်းမှာ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ပြောကြားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up