မုံရွာမြို့တွင် ချင်းတွင်းသင်္ကြန် စတင်ဖွင့်လှစ်
အောင်ကိုကိုလတ် (နေပြည်တော်)
·
April 11, 2018
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က မုံရွာမြို့မှာ ချင်းတွင်းသင်္ကြန်ဖွင့်ပွဲ အခမ်းအနားကို ဒီကနေ့ ဧပြီ ၁၁ ရက်မနက်က ကျင်းပပါတယ်။
အခမ်းအနားကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အပါအဝင် တိုင်းဒေသကြီးကဝန်ကြီးတွေလည်း တက်ရောက်ခဲ့ပါတယ်။ ချင်းတွင်းသင်္ကြန်ကို ဧပြီ ၁၇ ရက်အထိ ကျင်းပမှာဖြစ်ပြီး တိုင်းရင်းသားရိုးရာ ပြခန်းတွေ၊ ကလေးကစားကွင်းတွေ၊ ရေကစားမဏ္ဍပ်တွေနဲ့ သဲပန်းပုအနုပညာဖန်တီးထားမှုတွေ ပါဝင်ပါတယ်။