တရုတ်အဝေးပြေးလမ်းတွင် ဖြတ်သွားသည့်ကား ၂ စီးပေါ် ကျောက်တုံးများပြိုကျ (ရုပ်သံ)

တရုတ်နိုင်ငံ၊ ချုံချင်းမြို့ စည်ပင်သာယာနယ်နိမိတ်ထဲက အမှတ် ၃၁၉  တရုတ်အမျိုးသား အဝေးပြေးလမ်းမကြီးပေါ်မှာ ဧပြီ ၇ ရက်နေ့က ဖြတ်သွားတဲ့ကား ၂ စီးပေါ်ကို တောင်ပေါ်က ကျောက်တုံးတွေ ပြိုကျခဲ့ပေမယ့် ထိခိုက်သေဆုံးသူတော့ မရှိခဲ့ပါဘူး။ ဒီဖြစ်ရပ်ကို ကားမှာတပ်ထားတဲ့ ကင်မရာကနေ ရိုက်ကူးနိုင်ခဲ့ပါတယ်။ တောင်ပေါ်ကနေ ကျောက်တုံးတွေကျခဲ့လို့ ပုံမှန်သွားလာနိုင်တဲ့ ယာဉ်လမ်းကြော ပိတ်ဆို့ခဲ့ပါတယ်။ ဒေသခံရဲတပ်ဖွဲ့၊ ပို့ဆောင်ရေးနဲ့ မီးသတ်ဌာနတို့ဟာ ပြိုကျခဲ့တဲ့ ကျောက်တုံးတွေကို ရှင်းလင်းဖို့နဲ့ ယာဉ်လမ်းကြောင်း ပုံမှန်ပြန်လည်ပတ်နိုင်ဖို့ အခင်းဖြစ်တဲ့နေရာကို အကူအညီပေးရေး လုပ်သားတွေ စေလွှတ်ခဲ့ပါတယ်။ မြေပြိုအပြီး မိနစ် ၂၀ အကြာမှာ လမ်းကို ပုံမှန်အတိုင်း ပြန်ဖွင့်နိုင်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up