Monday, May 29, 2023
HomeLead Storyဂွါဒီယိုလာကို တနှစ်လုပ်ခ ပေါင် သန်း ၂၀ ဖြင့် စာချုပ်သက်တမ်းတိုးရန် နီးစပ်နေ

ဂွါဒီယိုလာကို တနှစ်လုပ်ခ ပေါင် သန်း ၂၀ ဖြင့် စာချုပ်သက်တမ်းတိုးရန် နီးစပ်နေ

နည်းပြ ဂွါဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ တနှစ်လုပ်ခ ပေါင်သန်း ၂၀ ရရှိမယ့် စာချုပ်နဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။

ဂွါဒီယိုလာနဲ့ မန်စီးတီးအသင်းတို့ရဲ့ စာချုပ်သက်တမ်းဟာ လာမယ့် ၂၀၁၉ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး မန်စီးတီးအသင်းက ဂွါဒီယိုလာကို အသင်းမှာဆက်ရှိဖို့ ဆန္ဒရှိနေသလို ဂွါဒီယိုလာကလည်း ဆက်လက်ကိုင်တွယ်ဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။

ဂွါဒီယိုလာအနေနဲ့ တနှစ်လုပ်ခ ပေါင်သန်း ၂၀ ရရှိမယ်ဆိုရင် ကမ္ဘာ့လုပ်ခအများဆုံး ရရှိတဲ့ နည်းပြအဖြစ် စံချိန်တင်မှာဖြစ်ပါတယ်။

မေရာသတင်းစာရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့လက ဂွါဒီယိုလာနဲ့ အသင်းပိုင်းရှင်၊ အသင်းဥက္ကဋ္ဌတို့ဟာ ဒူဘိုင်းမှာ တွေ့ဆုံခဲ့ပြီး အဲဒီ စာချုပ်သက်တမ်းနဲ့ လုပ်ခကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

စပိန်နည်းပြ ဂွါဒီယိုလာဟာ သူ့ရဲ့ ပထမဆုံးရာသီမှာ အောင်မြင်မှုမရခဲ့ပေမယ့် အခုနှစ်ရာသီမှာတော့ နောက်ထပ်တပွဲ အနိုင်ရရှိရုံနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိမှာဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular