သစ်တောပြုန်းတီးမှုကို အဖြေရှာရန်ဆွေးနွေး
ထွန်းထွန်းသိန်း
·
April 9, 2018
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ ကုသလမဂ္ဂ UN - REDD အစီအစဉ်တို့ ပူးပေါင်းစီစဉ်တဲ့ ပြည်နယ်တိုင်းဒေသကြီးအဆင့် REDD မဟာဗျူဟာ ညှိနှိုင်းခြင်း ဆွေးနွေးပွဲကို ရန်ကုန်မြို့ နိုင်ငံတကာစီးပွားရေးစင်တာ IBC မှာ ဧပြီ ၉ ရက်နေ့ကနေ ၁၀ ရက်နေ့ ထိ ၂ ရက်တာ ကျင်းပနေပါတယ်။
REDD အစီအစဉ်ဟာ သစ်တောတွေပြုန်းတီးမှု ဒါမှမဟုတ် သစ်တော အတန်းအစား ကျဆင်းခြင်း အကြောင်းအရာတွေကို လေ့လာတဲ့ စီမံချက်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ သစ်တောပြုန်းတီးမှုကိုဖြေရှင်းဖို့ ကြိုးစားနေတဲ့ အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ REDD PLus အစီအစဉ်ကို ကနဦးအဆင့် မဟာဗျူဟာ ချမှတ်ဖို့ ကြိုးစားနေဆဲ အဆင့်သာရှိသေးပြီး ၂၀၁၉ ခုနှစ်အကုန် ၄ နှစ်တာကာလအတွင်းမှာ လုပ်ငန်းစတင်ဖို့ ပြင်ဆင်ထားတယ်လို့ UN REDD ကပြောပါတယ်။