မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အမျိုးသမီးစင်တာ ဖွင့်လှစ်
အာကာ
·
April 8, 2018
အခြေခံအမျိုးသမီး အလုပ်သမားတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အမျိုးသမီးစင်တာကို ဂျာမန် GIZ အကူအညီနဲ့ လှိုင်သာယာမြို့နယ်မှာ ဒီနေ့ ဖွင့်လှစ်လိုက်ပါတယ်။
အမျိုးသမီးစင်တာမှာ အမျိုးသမီးအလုပ်သမားတွေကို စက်ချုပ်၊ ကွန်ပျူတာ စတဲ့ သင်တန်းတွေ ဖွင့်လှစ်သွားမှာဖြစ်ပြီး အလုပ်သမားဥပဒေတွေ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးတွေကိုလည်း အသိပညာပေးသွားမယ်လို့  သိရပါတယ်။