ဒါဟာ ပြည်သူ့ဈေးပါ၊ အမှန်တရားကို လက်ခံပါ (ဓာတ်ပုံ)
DVB
·
June 5, 2012
တောင်နီစံပြကျေးရွာဟာ တောင်ကြီးမြို့နယ် မိုင်းသော် အရှေ့ ကျေးရွာ အုပ်စုမှ ရွာကြီး တရွာဖြစ်ပါ တယ်။ ရှမ်းပြည်နယ်ဒေသရှိ မြို့တွေဟာ ငါးရက်မှာ တရက်ကို ဈေးနေ့အဖြစ် သတ်မှတ်ပြီး ဒေသခံ ဈေးသူဈေးသားတွေက ဈေးဆိုင်တွေ ဖွင့်လှစ်ရောင်းချကြပါတယ်။
တောင်၊ တောင်၊ ညောင်၊ ညောင်၊ ဟဲ ဆိုပြီး တောင်ကြီးဈေး ၊ တောင်နီဈေး ၊ ရွှေညောင်ဈေး ၊ ညောင်ရွှေဈေး၊ ဟဲဟိုဈေး အဖြစ် သတ်မှတ်ပြီး ရောင်းချကြပါတယ်။
အခုအခါ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင် ဦးဆောင်ပြီး တောင်ကြီး စည်ပင်သာယာရေး အဖွဲ့၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ တောင်နီးဈေးရှိ ဆိုင်ခန်းဈေးသည်တွေ၊ ပျံကျဈေးတွေကို ကျေးရွာဈေးမှာ ဈေးမရောင်းရ ဆိုပြီး ရွာအပြင် မြောက်ဖျားမှာ ရှိတဲ့ ဈေးသစ်ကို ပြောင်းရွှေ့ဖွင့်လှစ်ဖို့ ဈေးသူဈေးသားတွေနဲ့ ဈေးကော်မတီဝင်တွေကို စည်းရုံးတိုင်ပင်ခြင်း မရှိဘဲ အတင်းပြောင်းရွှေ့နေခြင်းကြောင့် မခံမရပ်နိုင်ဖြစ်သော ကျေးရွာခံ ဈေးသည်တွေ က မိမိတို့ရဲ့ ဆန္ဒအမှန်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ နိုင်ငံတော်အကြီးအကဲတွေ သိရှိစေဖို့ ဒီလ ၂ ရက်နေ့ နံနက်ပိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
Read more