DVB Logo
Home
မြန်မာသတင်း
ဇေကမ္ဘာနှင့် လယ်သမားများ မြေယာအငြင်းပွားမှု မနက်ဖြန်စစ်ဆေးမည်
DVB
·
June 4, 2012
ဇေကမ္ဘာနှင့် လယ်သမားများ မြေယာအငြင်းပွားမှု မနက်ဖြန်စစ်ဆေးမည်
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် မှာ ဖြစ်နေတဲ့ ဇေကမ္ဘာ ကုမ္ပဏီနဲ့ ရွှေနံ့သာ လယ်သမားတွေရဲ့ မြေယာ အငြင်းပွားမှုကို မနက်ဖြန် စတင် စစ်ဆေးတော့မှာ ဖြစ်ပါတယ်။

မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးမှာ လယ်သမား ၆ ဦးကို မနက်ကိုးနာရီ စတင်စစ်ဆေးမှာဖြစ်ပြီး မည်သူမဆို တက်ရောက် နားထောင်နိုင်ပါတယ်။

လနဲ့ချီပြီး ပိုင်ဆိုင်မှု အငြင်းပွားနေကြတဲ့ မြေ ဧက ၈၁၅ ဧကကို ဇေကမ္ဘာ ကုမ္ပဏီနဲ့ လယ်သမားတွေက သီးစားစိုက်ပျိုး လုပ်ကိုင်ခွင့်ပြုဖို့ အပြိုင်လျှောက်ရာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က ပြီးခဲ့တဲ့ မေ ၂၁ ရက်နေ့မှာ ကုမ္ပဏီကို သီးစား ချထားပေးခဲ့ပါတယ်။ ခရိုင်အဆင့် ရပ်/ကျေးအဆင့် အုပ်ချုပ်ရေးမှူးတွေထံကတဆင့် မေ ၂၇ ရက်နေ့မှာ လယ်သမားတွေ သိခဲ့ရတာဖြစ်ပြီး မကျေနပ်တဲ့အတွက်  လယ်သမားတွေက မြေယာကော်မတီထံမှာ မြေယာမှုခင်းဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးဟာ ကျေးရွာမြေယာကော်မတီရဲ့ ဥက္ကဋ္ဌတာဝန် ဖြစ်တာကြောင့် တာဝန်ယူ စစ်ဆေးပေးရမှာ ဖြစ်ပါတယ်။ မနက်ဖြန် စတင် စစ်ဆေးမယ်ဆိုတာ အကြောင်းကြားလာတယ်လို့  ဒီလယ်မြေအငြင်းပွားမှု ကိစ္စမှာ လယ်သမားတွေဘက်က လိုက်ပါဆောင်ရွက်သူ ဦးနေမျိုးဝေ က ပြောပါတယ်။

“ဒီနေ့ပဲ အကြောင်းပြန်တယ်။ မနက်ဖြန်ကို မနက်ပိုင်း ၉ နာရီမှာ ၆ ဦးစစ်မယ်။ အဲဒီကျေးရွာရုံးမှာပဲ စစ်မယ်။ ညနေ ၂ နာရီထိုးမှာ နောက် ၆ ဦး ထပ်စစ်မယ်။ တနေ့ကို ၁၂ ယောက်နှုန်းနဲ့ လယ်သမား ၈၀ ကျော် ကုန်တဲ့အထိ စစ်မယ်။”

လယ်သမားတွေက ဒီလယ်မြေတွေပေါ်မှာ ဒီနေ့ ထယ်ထိုးနေကြတယ်လို့ ဦးနေမျိုးဝေက ပြောပါတယ်။

“လယ်သမားတွေက ဒီနေ့ ထယ်တွေထိုးတယ်။ အဲဒါကလည်း မြေယာဥပဒေအရ ၁၉၆၃ ခုနှစ် တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်တဲ့ ဥပဒေအပိုဒ် ၃၊ နည်းဥပဒေ ၃ (ခ) မှာ တောင်သူ လယ်သမားတွေကို လယ်ယာလုပ်ငန်းခွင်ထဲကို မ၀င်ရဆိုပြီး တားမြစ်ခြင်း မပြုရ၊ တောင်သူလယ်သမားတွေ လယ်မလုပ်ရဘူး မတားရဘူး။ (က) မှာဆို တောင်သူလယ်သမားတွေ လယ်လုပ်ကိရိယာတွေကို ဖမ်းဆီးချုပ်နှောင်ခြင်း မပြုရ၊ တရားရုံးတခုခုကနေ ၀ရမ်းမကပ်ရ၊ အဲဒါပါတယ်။”

ဒီမြေကို အစိုးရက သိမ်းမယ်လို့ ကောလာဟလတွေ ပျံ့နှံ့နေချိန်မှာ  ဇေကမ္ဘာကုမ္ပဏီက ကြားဝင် ကရုဏာကြေးပေးပြီ စက်မှုဇုန်တည်နေတာပါ။ ဒါပေမယ့် လယ်သမားတွေက နောက်ပိုင်းမှာ သူတို့ လှည့်ဖြားခံရတယ်လို့ ယူဆပြီး လယ်လုပ်ခွင့် ပြန်တောင်းနေတာဖြစ်သလို ဇေကမ္ဘာကုမ္ပဏီကလည်း  လယ်ပဲစိုက်တော့မယ်ဆိုပြီး ရပ်တည် ဆောင်ရွက်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013