ဆင်ထိန်းနှင့် ခိုးခိုးခစ်ခစ် ရယ်မောကစားနေသည့် ဆင်ပေါက်ကလေး (ရုပ်သံ)

ဆင်ထိန်းနဲ့ ကစားနေစဉ်အတွင်း အသက် ၆ လအရွယ် ဆင်ပေါက်ကလေးရဲ့ ခိုးခိုးခစ်ခစ် ရယ်မောနေတဲ့ ချစ်စဖွယ်ရုပ်သံ ထွက်ပေါ်လာတာကို ဒေးလီးမေးလ်သတင်းမှာ ဧပြီ ၄ ရက်နေ့က ဖော်ပြထားပါတယ်။ စကော့တလန်မြောက်ပိုင်း အက်ဘာဒင်းရှီးယားကောင်တီက လောရာဂျိန်းဖိုင်ဖီတယောက် တက္ကသိုလ်ဘွဲ့ယူပြီးလို့ သူမ အားလပ်ရက် ၂ လတာအတွက် ချင်းမိုင်မြို့က မဲ့ဗန်ဆင်စခန်းကို အလည်အပတ်သွားချိန် ဒီကောင်းမွန်လှတဲ့ ရုပ်သံလေးကို ရိုက်ကူးခဲ့တာလို့ သိရပါတယ်။ ဆင်ပေါက်လေးကို ထိန်းသူက ပလတ်စတစ်ခြင်းတောင်းနဲ့ ကစားပေးကာ ဆင်ပေါက်ကလေးကို ရုပ်သံရိုက်ကူးခဲ့တာဖြစ်ပြီး ရုပ်သံထဲမှာ ဆင်လေး ပျော်ရွှင်မြူးထူးနေတာကို ဧည့်သည်တွေ ကြည့်ရှုနေတာ မြင်ရပါတယ်။ သူမရဲ့ ဆင်ကလေးကို အစာကျွေးချိန်နဲ့ စောင့်ရှောက်ချိန်အတွင်း ဆင်ပေါက်ကလေးရဲ့ သဘာဝအတိုင်း သက်ဝင်မှုနဲ့ အပြစ်ကင်းစင်မှုက သူမကို စိတ်လှုပ်ရှားစေတယ်လို့ ဘူမိဗေဒ ပီအိတ်ခ်ျဒီကျောင်းသူ မစ္စဖိုင်ဖီက ပြောပါတယ်။ “ဆင်ပေါက်ကလေးမှာ ဒီလိုပျော်ရွှင်ရတဲ့ အချိန်ကို တွေ့ရတော့ ကျမ ဝမ်းသာပါတယ်။ တနေ့လုံး ဆင်ပေါက်ကလေး ဆော့ကစားနေတာ၊ နားနေတာနဲ့ လွတ်လွတ်လပ်လပ် စောင့်ရှောက်ခံထားရတာကို ကျမတို့ ကြည့်ခဲ့တယ်” လို့ မစ္စဖိုင်ဖီက ပြောပါတယ်။ ဆင်ပေါက်ကလေးကြည့်ရတာ နောက်ပြောင်နေတဲ့ ကောင်မလေးနဲ့တူပြီး ဆင်မကြီးကလည်း ဆင်ပေါက်ကလေးကို အနီးကပ်စောင့်ကြည့်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ ၂၀၁၄ ခုနှစ်က အွန်လိုင်းပေါ်မှာတင်ခဲ့တဲ့ မူရင်းရုပ်သံကို လူမှုကွန်ရက်ပေါ်က သူငယ်ချင်းတွေ ပျော်ရွှင်ရအောင် လော်ရာက မကြာသေးခင် ပြန်တင်ခဲ့တာလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up