ဝန်ကြီးဌာနများ၏ ပြောရေးဆိုခွင့်ရှိသူ စာရင်းထုတ်ပြန်
အေးနိုင်
·
June 4, 2012
မြန်မာအစိုးရရဲ့ ၀န်ကြီးဌာနတွေအလိုက် ပြောခွင့်ရ ပုဂ္ဂိုလ်စာရင်းနဲ့ တယ်လီဖုန်း နံပါတ်တွေကို ဇွန် ၁ ရက်နေ့ ရက်စွဲနဲ့ သတင်းနဲ့ ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန အပါအ၀င် ၀န်ကြီးဌာနတွေရဲ့ ပြောရေးဆိုခွင့်နဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ဆိုပြီး ခွင့်ပြုဖော်ပြ ထားပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူတော့မပါရှိပါဘူး။
ပြောခွင့်ရသူတွေထဲမှာ ၀န်ကြီးအဆင့်၊ ဒုတိယ၀န်ကြီး၊ ညွှန်ချုပ် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ကို အသီးသီး ထည့်ထားတာတွေ့ရှိရပါတယ်။ ပြည်ထောင်စုစာရင်းချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်ကြီးအဖွဲ့တွေနဲ့ ဆက်သွယ်ရမယ့် ပြောရေးဆိုခွင့်ရှိသူတွေပါ အမည်နဲ့တကွ တယ်လီဖုန်းတွေကို ဖော်ပြပေးထား တာ ဖြစ်ပါတယ်။
ဒီလို ဆက်သွယ်ရမယ့် ပြောရေးဆိုခွင့်ရှိသူတွေရဲ့ အမည်နဲ့ ဖုန်းနံပါတ်တွေကို ထည့်သွင်းပေးလိုက်ခြင်း အားဖြင့် အများပြည်သူ ဆက်သွယ်မေးမြန်းနိုင်မှာဖြစ်သလို မီဒီယာ လောကသားတွေအတွက်လည်း သတင်းအချက်အလက်တွေ မေးမြန်းရယူရာမှာ လွယ်ကူလာနိုင်ဖွယ် ရှိနေပါတယ်၊
ဒီလို ပြောခွင့်ရသူစာရင်း ထုတ်ပြန်ချက်ဟာ တပ်မတော်အစိုးရ လက်ထက်တုန်းက မလုပ်ဆောင်ခဲ့ဖူး ပါဘူး။
ပြန်ကြားရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ
http://www.ministryofinformation.gov.mm/index.php?option=com_content&view=article&id=124%3Aspokemen-ministry&catid=25%3Ageneral-information&lang=en