ကိန်းရုပ်ရှင်ပွဲတော်မှာ အာရှ ဂန္တ၀င်ရုပ်ရှင်ကားများ ပြသ
DVB
·
June 4, 2012

ဒီနှစ် ပြင်သစ်မှာ ကျင်းပတဲ့ ကိန်းရုပ်ရှင်ပွဲတော်မှာ အာရှဂန္တ၀င်ရုပ်ရှင်တွေ အထူး ရေပန်းစားနေပါတယ်။ ဒီနှစ်ဟာ ကိန်းပွဲတော် ၆၅ နှစ်ပြည့်လည်း ဖြစ်တာကြောင့် အရင်က လက်ရာကောင်းတဲ့ ရုပ်ရှင်ကားတွေကို ပြန်လည်ရှာဖွေဖော်ထုတ် ချီးမြှင့်ဖို့ စီစဉ်နေပါတယ်။ ဒါကြောင့် အခုဆိုရင် အင်ဒိုနီးရှားနဲ့ အိန္ဒိယက ဂန္တ၀င်ရုပ်ရှင် ကားကောင်းတွေ ကိန်းရုပ်ရှင် စင်မြင့်ပေါ် ရောက်လာခဲ့ပါပြီ။
ကိန်းရုပ်ရှင်ပွဲတော်အကြောင်း သတင်းထောက် ဂျင် ဂီနန်ဂျာ (Ging Ginanjar) က သတင်းပေးပို့ထားတာပါ။ အသံဖိုင်မှာ နားဆင်နိုင်ပါပြီ။