DVB Logo
Home
မြန်မာသတင်း
နျူကလီးယားကို ဆေးဘက်ဆိုင်ရာအသုံးပြုရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကာကွယ်ရေး ဒု-၀န်ကြီးပြော
DVB
·
June 4, 2012
နျူကလီးယားကို ဆေးဘက်ဆိုင်ရာအသုံးပြုရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကာကွယ်ရေး ဒု-၀န်ကြီးပြော
Donate to DVB

မြန်မာနိုင်ငံအနေနဲ့ နျူကလီးယားကို ဆေးဘက်ဆို်င်ရာ သုတေသနအတွက်  အသုံးပြုနိုင်ဖို့ အရင် အစိုးရ လက်ထက်က ဆောင်ရွက်ခဲ့တာလို့ ကာကွယ်ရေးဒု-၀န်ကြီး ဒု-ဗိုလ်ချူပ်ကြီး လှမင်းက ပြောပါ တယ်။

စင်ကာပူနိုင်ငံမှာ ဇွန်လ ၂ ရက်နေ့က ပြုလုပ်တဲ့ အာရှလုံခြုံရေးညီလာခံမှာ အခုလို ပြောဆိုလိုက်တာပါ။

[caption id="attachment_26249" align="alignleft" width="304" caption="ဒု-ဗိုလ်ချုပ်ကြီး လှမင်း"][/caption]

“ဒီနျူကလီးယား ကိစ္စနဲ့ ပတ်သက်လို့လည်း တကယ့် တကယ်တော့ ကျနော်တို့ တိတိလင်းလင်းပြောဆို ထားပြီးသား ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတော်ကာကွယ်ရေး အတွက်လည်း မဟုတ်ဘူး။ ဆေးဘက်ဆိုင်ရာ သုတေသန အတွက် ဆောင်ရွက်ခြင်းဖြစ်တယ် ဆိုတဲ့ အနေအထားမျိုး ကျနော် တို့ ပြောပြီးဖြစ်ပါတယ်။ သို့သော်လည်း အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်ဖြစ်မြောက်မြောက် ဆောင်ရွက်နိုင်ခြင်း အနေအထားမျိုးလည်း ဘာတခုမှ ကျနော်တို့ တိုင်းပြည်မှာ မရှိသေးပါဘူး။ ဘာသာရပ်တခုအနေနဲ့ စာပေအနေနဲ့ လေ့လာနေတဲ့ အနေအထားမျိုးပဲ ရှိပါသေးတယ်။ လက်တွေ့ဆောင်ရွက်နိုင်တဲ့ အနေအထား ဘာတခုမှ မရှိပါဘူး။”

အခု အစိုးရလက်ထက်မှာ နိုင်ငံတကာကလည်း လက်မခံတဲ့အတွက် ဆက်လက် ဆောင်ရွက်ခြင်း မရှိတော့ဘူးလို့ ဆိုပါတယ်။

“ဒီဘက် အစိုးရ လက်ထက်မှာတော့ နိုင်ငံတကာက လက်မခံတဲ့အတွက် လုံးဝ ဆက်လက် ဆောင်ရွက်ခြင်းလည်း မရှိပါဘူး။ ဆက်လက် ဆောင်ရွက်ဖို့ အစီအစဉ်လည်း လုံးဝမရှိပါဘူးဆိုတာကို ကျနော်ပြောချင်ပါတယ်။”

မြန်မာသမ္မတကြီးရဲ့ ဒီမိုကရေစီ ပိုမိုဖော်ဆောင်ရေး၊ တိုင်းပြည်ပိုမို ပွင့်လင်း လာရေး ဆောင်ရွက်ချက်တွေအပေါ် စစ်တပ်က ထောက်ခံနေကြောင်းလည်း ဒု-ဗိုလ်ချုပ်ကြီး လှမင်းက ပြောဆိုခဲ့ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန်ပနာတာကလည်း   မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လက်တွေ့အကောင်အထည်ဖော်ပြီး နိုင်ငံရေး လွတ်လပ်ခွင့် ပိုပေးလာမယ်ဆိုရင် အမေရိကန် နဲ့ မြန်မာကြား စစ်ဘက်ဆက်ဆံရေး တိုးတက်စေမယ့် နည်းလမ်းတွေကို ဆွေးနွေးသွားဖို့ ပင်တဂွန် စစ်ဌာနချုပ်က လိုလိုလားလား ရှိတယ်လို့  ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂက လက်နက်ရောင်းချမှု ပိတ်ပင်ထားတဲ့ မြန်မာနဲ့ မြောက်ကိုရီးယားတို့ရဲ့ စစ်ဘက်ရေးရာ ဆက်ဆံရေးတွေအပေါ် နိုင်ငံတကာက သတိထားစောင့်ကြည့်နေပြီး ပြောဆို ဝေဖန်မှုတွေ ရှိနေပါတယ်။

ဒီအပေါ်ကို ဒု-၀န်ကြီးက “မြောက်ကိုးရီးယားနဲ့ ဆက်ဆံရေးဆိုတာက ကျနော်တို့နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒမှာကိုက နိုင်ငံအားလုံးနဲ့ သင့်တင့်လျောက်ပတ်စွာ ဆက်ဆံလိုတဲ့ ဆန္ဒရှိတဲ့အတွက်ကြောင့်မို့လို့ သာမန်ဆက်ဆံရေးအဆင့်အနေနဲ့ ဆက်ဆံ ဆောင်ရွက်နေတဲ့ အနေအထားမျိုးပဲ ရှိပါတယ်။ မြန်မာနိုင်ငံ အပေါ်မှာ ပိတ်ဆို့မှုမြောက်များစွာ ရှိနေတဲ့ အနေအထားမျိုးမှာ ကျနော်တို့နိုင်ငံ အကျိုးစီးပွားအတွက် ဘယ်ကနေ အထောက်အကူပြုမလဲ။ ဒါကတော့ မိမိတို့ အကျိုးစီးပွားကို နိုင်ငံတိုင်းက ဦးထိပ်ထားပြီး ဆောင်ရွက်ကြတာပါပဲ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတကာ အနုမြူစွမ်းအင်ဆိုင်ရာ အေဂျင်စီမှာရော နျူကလီးယား မပြန့်ပွားရေး စာချူပ်မှာရော သဘောတူထားတဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013